The network connection is lost.

Banner Image

ဘာစီလိုနာမှထွက်ခွာသွားတဲ့ ဖာရန်တောရက်စ်ကို ဂုဏ်ပြုနှုတ်ဆက်ခဲ့တဲ့ ဒါနီအိုလ်မို

ဘာစီလိုနာတိုက်စစ်မှူးဖာရန်တောရက်စ်ရဲ့ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့မှုအပြီး ဒါနီအိုလ်မိုဦးဆောင်ကာ အသင်းဖော်ဟောင်းဆီ ဂုဏ်ပြုစကားပြောကြားလိုက်ပါတယ်။

ဖာရန်တောရက်စ်က နူးကမ့်ကွင်းမှာ လေးနှစ်ခွဲကြာဖြတ်သန်းခဲ့မှုကို အဆုံးသတ်ပြီး လီဂူးဝမ်းပြိုင်ပွဲဆီ ပြောင်းရွှေ့သွားပါတယ်။ သူက ပြင်သစ်မြေမှာတော့ လက်ရွေးစင်အသင်းနည်းပြဟောင်းဖြစ်တဲ့ လူးဝစ်အင်းနရစ်နဲ့ ပြန်လည်ဆုံတွေ့ရပါလိမ့်မယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားထွက်ခွာသွားမှုအပေါ် အသင်းဖော်ဟောင်းအများအပြားက စိတ်မကောင်းဖြစ်ရပုံကို ရေးသားဖော်ပြခဲ့ပြီး ဒါနီအိုလ်မိုလည်း ပါဝင်လာခဲ့ပါတယ်။

ဘာစီလိုနာကွင်းလယ်လူအိုလ်မိုက တောရက်စ်နဲ့အတူ ဆုဖလားအောင်ပွဲခံချိန် ရိုက်ကူးထားတဲ့ ဓါတ်ပုံကို မျှဝေရင်း သူတို့နှစ်ဦးရဲ့ကွင်းတွင်းကွင်းပြင်ရင်းနှီးမှုကိုပါ ထုတ်ဖော်ပြသခဲ့ပါတယ်။

Instagram မှတဆင့် အိုလ်မိုက "ဒီဘက်နှစ်ကာလတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ် သူငယ်ချင်း! ငါတို့ မင်းကို တကယ်ပဲ လွမ်းနေပါလိမ့်မယ်" လို့ ရေးသားခဲ့ပါတယ်။