
၁၅ နှစ်သားလေးကို အသင်းကြီးမှာပွဲထွက်ခွင့်ပေးဖို့ ပြင်ဆင်နေတဲ့ အာတီတာ
အာဆင်နယ်အသင်းနည်းပြ အာတီတာက အသက် ၁၅ နှစ်သား ဒိုးမန်းရဲ့ခြေစွမ်းကိုချီးကျူးခဲ့ပြီးနောက် အသင်းကြီးမှာ ပွဲဦးထွက်ပါဝင်ခွင့်ပေးဖို့ ပြင်ဆင်နေပါတယ်။ ဒိုးမန်းဟာ လွန်ခဲ့တဲ့လတွေကတည်းက အာဆင်နယ်စီနီယာအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတာဖြစ်ပြီး အိုဒီဂတ် နဲ့ ဆင်တူတယ်လို့ ခိုင်းနှိုင်းနေကြတာဖြစ်ပါတယ်။
အာတီတာက ဆယ်ကျော်သက်စတားနဲ့စကားပြောဆိုပြီးဖြစ်သလို ကွင်းလယ်တိုက်စစ်ကစားသမားကို နေရာပေးဖို့ ပြင်ဆင်နေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ ကွင်းလယ်တိုက်စစ်နေရာမှာ ရွေးချယ်စရာအများကြီးရှိနေပါတယ်။ မာရီနိုလည်း အဲ့နေရာမှာ ကစားနိုင်ပါတယ်။ ဒါ့အပြင် ဒီကလန် နဲ့ နွမ်နီရီတို့လည်း ရှိနေပါတယ်။ အဲ့နေရာမှာကစားနိုင်တဲ့သူတွေများပါတယ်။ အခုဆို ဒိုးမန်းပါ ပါဝင်လာပါပြီ။ သူက အဲ့နေရာကစားတာကောင်းသလို မကြာခင်မှာ သူ့ကိုနေရာပေးနိုင်ချေရှိပါတယ်။ သိပ်မကြာခင်မှာ သူ့ကိုနေရာပေးနိုင်ချေရှိပါတယ်။
သူဘယ်လောက်ပါဝင်နိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါမယ်။ ဒါပေမယ့် သေချာတာက သူ့မှာအလားအလာကောင်းတွေရှိနေတယ်ဆိုတာပါပဲ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အာတီတာက ဒိုးမန်းဟာ ငယ်ရွယ်ပေမယ့် မယုံကြည်နိုင်စရာကောင်းတဲ့အရည်အချင်းကောင်းရှိနေတယ်လို့ မကြာသေးခင်တုန်းက ပြောကြားထားခဲ့ပြီး ပွဲထွက်ခွင့်ရဖို့ ကန့်သတ်ချက်တွေရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်စည်းမျည်းတွေအရ အသက် ၁၅ နှစ်ကစားသမားတွေကို ကစားခွင့်ပိတ်ထားတာကြောင့် လာမယ့်ရာသီအထိ ဒိုးမန်းတစ်ယောက် စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။ဒိုးမန်းဟာ အာဆင်နယ်လူငယ်အသင်းမှာဆက်ကစားနေပြီး အခုညမှာတော့ အာဆင်နယ်ဟာ ဘုန်းမောက်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပါတယ်။