The network connection is lost.

Banner Image

အန်ကီတီယာကို ရောင်းထုတ်ဖို့ ပြင်ဆင်လာတဲ့ အာဆင်နယ်

သတင်းတွေအရ အာဆင်နယ်ဟာ အခုနွေရာသီမှာ လူငယ်တိုက်စစ်မှူး အန်ကီတီယာကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်သားဟာ အာတီတာရဲ့အဓိက ကစားသမားဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ စီနီယာအသင်းလူစာရင်းကနေ ဖယ်ထုတ်ခံထားရတာဖြစ်ပါတယ်။ ကစားသမား ကိုယ်တိုင်ကလည်း ပွဲထွက်ခွင့်ပုံမှန်ရမယ့်အသင်းမျိုးကို ပြောင်းချင်နေပါတယ်။ 
 
 
SunSport သတင်းဌာနကတော့ ဖူလ်ဟမ်အသင်းဟာ အန်ကီတီယာကို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ပေါင်သန်း ၃၀ ပေးချေမယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဖူလ်ဟမ်အနေနဲ့ အာဆင်နယ်စတားကိုခေါ်ယူဖို့ ခရစ္စတယ်ပဲလေ့စ်၊ ဝုဗ်တို့နဲ့ အားပြိုင်ရဖွယ်ရှိနေပါတယ်။
 
အဲဗာတန်ကလည်း အငှားနဲ့ခေါ်ယူချင်နေပြီး အာဆင်နယ်ဘက်က အပြီးသတ်ခေါ်ယူခွင့်ပါရင် ရောင်းထုတ်ဖွယ်ရှိနေပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့နှစ်တွေက ဆိုးဝါးတဲ့ ရောင်းချမှုတွေရှိခဲ့ပေမယ့် အခုချိန်မှာတော့ လိုချင်တဲ့တန်ကြေးမျိုးနဲ့ရောင်းချလာနိုင်ခဲ့ပြီဖြစ်ပါတယ်။
 
အာဆင်နယ်ဟာ တိုက်စစ်ပိုင်းအတွက် လိုက်ပ်ဇစ်စတား ဆက်စ်ကို ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။ ဆက်စ်ကိုဟာ လိုက်ပ်ဇစ်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ကာ ၁၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။
 
ဆလိုဗေးနီးယားသားရဲ့ဒီရာသီ စွမ်းဆောင်ရည်ကောင်းတွေကြောင့် အေစီမီလန်ကလည်း စိတ်ဝင်စားနေပေမယ့် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၅ သန်းကြောင့် လက်လျှော့ရဖွယ်ရှိနေပါတယ်။ တစ်ဖက်မှာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကလည်း စိတ်ဝင်စားနေပေမယ့် အာဆင်နယ်က ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ အာဆင်နယ်ဟာ အခြားတိုက်စစ်မှူးတွေအဖြစ် တိုနေး ၊ ဆိုလန်ကီတို့ကိုလည်း စိတ်ဝင်စားနေပါတယ်။