The network connection is lost.

Banner Image

ခြေသလုံးရိုးဒဏ်ရာကြောင့် ၂၀၂၇ ခုနှစ်အထိ အနားယူရမယ့် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဆက်စ်ကို

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဆက်စ်ကိုက လတ်တလောခံစားနေရတဲ့ ခြေသလုံးရိုးဒဏ်ရာကြောင့် လာမယ့်ဇန်နဝါရီလအထိ အနားယူသွားရဖို့ ရှိနေပါတယ်။

ရာသီကြိုကာလတစ်ခုလုံး မိုက်ကယ်ကာရစ်ရဲ့အသင်းအတွက် အသက် ၂၃ နှစ်အရွယ်ကစားသမား ပါဝင်နိုင်ခြင်း မရှိခဲ့ပေမဲ့ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအစောပိုင်း ကာလတွေမှာတော့ ကြံ့ခိုင်မှု အပြည့်အ၀ပြန်လည်ရရှိလာမယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။

ဆက်ရှ်ကိုက ကွင်းတွင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဆာဘတ်ကို ၄-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အခုဘောလုံးရာသီ၊ ယူနိုက်တက်အတွက် သူ့ရဲ့တစ်လုံးတည်းသောသွင်းဂိုးကို သွင်းယူခဲ့ပါတယ်။

သူက စက်တင်ဘာ ၁၆ ရက်၊ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် နောက်ဆုံးအကြိမ် ပါဝင်ကစားခဲ့ပါတယ်။

နောက်သီတင်းပတ်အကြာမှာတော့ ယူနိုက်တက်က "ဆက်စ်ကိုအတွက် သီးသန့်ပြန်လည်ထူထောင်ရေးအစီအစဉ် မသတ်မှတ်မီ အခုသီတင်းပတ်အတွင်း ဆေးစစ်မှု ပြုလုပ်သွားမယ်" လို့ ထုတ်ပြန်ခဲ့ပါတယ်။

အခုတော့ The Athletic ရဲ့သတင်းမှာ မန်ချက်စတာယူနိုက်တက်က အစောဆုံးလာမယ့်ဇန်နဝါရီလအထိ ပွဲစဉ်တွေနဲ့ ဆက်စ်ကို ဝေးကွာနေဦးမယ်လို့ပဲ ယုံကြည်ထားတယ်လို့ ဖော်ပြထားပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး လအနည်းငယ်အကြာမှာတင် ဖိအားတွေ ကြီးကြီးမားမားရင်ဆိုင်နေရတဲ့ ကာရစ်အတွက်တော့ ဒီသတင်းက အတော်လေး ဆိုးရွားနေမယ်ဆိုတာ သေချာပါတယ်။