The network connection is lost.

Banner Image

ပီအက်စ်ဗွီကိုအနိုင်ရပြီးနောက် ပြိုင်ဘက်အသင်းကို သတိပေးလိုက်တဲ့ အာဆင်နယ်စတား

အင်္ဂါနေ့ညက ပီအက်စ်ဗွီကို ၁-၇ နဲ့အနိုင်ရပြီးနောက် အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က ပြိုင်ဘက်ယူနိုက်တက်ကို သတိပေးလိုက်ပါတယ်။ အာဆင်နယ်ဟာ ပီအက်စ်ဗွီကို အဝေးကွင်းမှာသွားကန်ခဲ့ရပေမယ့် ဂိုးပြတ်အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယအကျော့ကို အမ်းမရိတ်မှာ ကန်မှာဖြစ်ပေမယ့် အာဆင်နယ်အတွက်တော့ နောက်တစ်ဆင့်တက်ဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။ ပီအက်စ်ဗွီနဲ့ပွဲမှာ အာဆင်နယ်အတွက်ဂိုးတွေကို တင်းဘား ၊ နွမ်နီရီ ၊ မာရီနို ၊ ထရိုဆက် ၊ ကာလာဖီအိုရီ နဲ့ အိုဒီဂတ်တို့ကသွင်းယူပေးခဲ့ပါတယ်။

အိုဒီဂတ်ဟာ အဆိုပါပွဲမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး သွင်းဂိုး ၂ ဂိုးအပြင် ကာလာဖီအိုရီရဲ့ဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဝဲလ်ကော့တ်ကလည်း နော်ဝေသားအနေနဲ့ ယခင်က ရုန်းကန်ရပေမယ့် အခုလိုဂိုးတွေ ဖန်တီးမှုတွေပြန်ရလာတာက ယုံကြည်မှုပြန်ရလာစေမယ်လို့ ယုံကြည်နေပါတယ်။

“အိုဒီဂတ်အတွက် အခုလိုအရာက တကယ့်ကိုအရေးပါပါတယ်။ ဘာလို့လဲဆိုတော့ သူအဲ့တာတွေလိုအပ်နေတာပါ။ ဂိုးတွေကော ဖန်တီးမှုပါ ရလိုက်တာက လာမယ့်ယူနိုက်တက်နဲ့ပွဲအတွက် ယုံကြည်မှုပိုရစေပါတယ်။ အာဆင်နယ်ဟာ ဒီနေ့ညမှာ လုံးဝပြီးပြည့်စုံခဲ့ပါတယ်။ သူတို့ ပီအက်စ်ဗွီကို အလဲထိုးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပါတယ်”လို့ ဝဲလ်ကော့တ်က ပြောကြားခဲ့ပါတယ်။

ရွန်းနီကလည်း “သူတို့ တနင်္ဂနွေနေ့မှာ အဆင်ပြေမှာပါ။ အာတီတာက အခုဆိုရင် လာမယ့်တနင်္ဂနွေနေ့အတွက် အာရုံစိုက်လို့ရပါပြီ။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ ကြားရက်မှာ ကစားသမားတွေကို အနားပေးနိုင်တာကြောင့်ပါ။ သူက ဘာမှမပြောပေမယ့် ဒုတိယအကျော့က ကန်စရာတောင် သိပ်မလိုတော့ပါဘူး။ အာဆင်နယ်က တနင်္ဂနွေနေ့ကို အပြည့်အဝအာရုံစိုက်ပါလိမ့်မယ်”လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။ အိုဒီဂတ်ဟာ ဒီရာသီအာဆင်နယ်အတွက် ဂိုးတွေရဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် ၁၉ ပွဲမှာ ၂ ဂိုးသာသွင်းယူထားနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ကလည်း “ကျွန်တော့်နေရာမှာကစားတဲ့ကစားသမားတိုင်း ဂိုးတွေကော ဂိုးဖန်တီးပေးမှုပါ လိုချင်ကြပါတယ်။ အဲ့တာက ကျွန်တော် ဒီရာသီမှာ လိုအပ်နေတဲ့အရာပါ။ ဒါပေမယ့် ဒီနေ့ညမှာ ၂ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးလိုက်နိုင်တာက တကယ်ကောင်းပါတယ်။ ဝက်စ်ဟမ်း နဲ့ နော်တင်ဟမ်တို့ကိုသရေကျပြီးနောက် ကျွန်တော်တို့ အလုပ်နေ့တိုင်းကြိုးစားပါတယ်။

အဆုံးသတ်ပိုင်းကို ကျွန်တော်တို့ အများကြီးလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောသလို ကျွန်တော်တို့ အမြဲတမ်းကြိုးစားပါတယ်။ ဒီနေ့ညက အဲ့ရလဒ်ကိုပြသနေတာပါ။ ပြီးခဲ့တဲ့ပွဲအနည်းငယ်အပြီးမှာ ကျွန်တော်တို့ အဆုံးသတ်ပိုင်းကို ပိုအာရုံစိုက်ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အဲ့လိုအရည်အချင်းရှိတယ်ဆိုတာ သိပါတယ်။ ဒီနေ့မှာ ဒီအဆင့်အတန်းကို မြင်ခဲ့ရပါတယ်။

ကျွန်တော်တို့ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပြီး ပျော်စရာကောင်းခဲ့ပါတယ်။ စပိန်မြေကို ပြန်သွားရမှာက ထူးခြားပါတယ်။ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အိမ်ကွင်းမှာ ရလဒ်ကောင်းယူထားနိုင်မယ်ဆိုရင် အခြေအနေကောင်းနိုင်ပါတယ်”လို့ မာတင်က ပြောကြားခဲ့ပါတယ်။