ယူနိုက်တက်အတွက် ခြေစွမ်းပြပြီးနောက် နိုင်ငံ့လက်ရွေးစင်အသင်းဆီ ပူးပေါင်းလာခဲ့တဲ့ ဒေါဂူ
အက်စတွန်ဗီလာနဲ့ရင်ဆိုင်ရတဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အတွက် အထင်ကြီးလောက်စရာ ခြေစွမ်းပြသပြီးနောက် ပေါ်တူဂီ၊ နော်ဝေတို့နဲ့ ရင်ဆိုင်ရမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် ဒိန်းမတ်လက်ရွေးစင်အသင်းဆီ ဒေါဂူ ရောက်ရှိလာပါတယ်။
ဒိန်းမတ်လက်ရွေးစင်အသင်းနည်းပြက ဘာစီလိုနာနောက်ခံလူခရစ္စတန်ဆန်ကိုလည်း အသင်းအတွက် ခေါ်ယူဖို့ စကားပြောဆိုခဲ့ပေမဲ့ ကစားသမားရဲ့ဆန္ဒမှာ နုတ်ထွက်ဖို့သာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အကြောင်းရင်းအဖြစ် အက်သလက်တီကိုမက်ဒရစ်နဲ့ရင်ဆိုင်ခဲ့ရတဲ့ တနင်္ဂနွေနေ့ ပွဲကြီးပွဲကောင်းမတိုင်ခင် ဘာစီလိုနာနဲ့အတူ နှစ်ကြိမ်သာ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့လို့ ဖြစ်ပါတယ်။
ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ ဒေါဂူရော ခရစ္စတန်ဆန်ပါ ကွင်းတွင်း ပြန်လည်ဝင်ရောက်လာခဲ့ပြီး လက်ရွေးစင်အသင်းနဲ့ပူးပေါင်းဖို့ အခွင့်အရေး ရရှိလာပါတယ်။
ဒေါဂူက အက်တွန်ဗီလာနဲ့ကစားရတဲ့ ယူနိုက်တက်ရဲ့ပွဲစဉ်ကို ပါဝင်ကစားခဲ့ပြီး နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ အဖိုးတန်ချေပဂိုး သွင်းယူပေးကာ သရဲနီတွေအတွက် အဖိုးတန်တစ်မှတ်ကို ရှာဖွေပေးခဲ့ပါတယ်။
အက်သလက်တီကိုမက်ဒရစ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာလည်း ခရစ္စတန်ဆန်က မိနစ် ၃၀ ကျော် ပါဝင်ကစားခဲ့ပါတယ်။
ဒိန်းမတ်အသင်းက စနေနေ့၊ နေးရှင်းလိဂ်အဝေးကွင်းပွဲစဉ်အဖြစ် ပေါ်တူဂီနဲ့ ရင်ဆိုင်ပြီးနောက် သုံးရက်အကြာ၊ ကိုပင်ဟေဂင်မြို့မှာ နော်ဝေကို ဧည့်ခံကစားရပါမယ်။