The network connection is lost.

Banner Image

ဂွါဒီယိုလာ နဲ့ အလွန်ဆိုတို့လမ်းစဉ်အတိုင်း ဘာကြောင့်လိုက်ရလဲဆိုတာကိုရှင်းပြလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက သူ့အနေနဲ့ ဂွါဒီယိုလာ နဲ့ အလွန်ဆိုတို့လမ်းစဉ်အတိုင်း ဘာကြောင့်လိုက်ရလဲဆိုတာကို ရှင်းပြလိုက်ပါတယ်။

မန်ဒိုသတင်းဌာနနဲ့အင်တာဗျူးမှာ အာတီတာက နည်းပြဟန် နဲ့ နည်းစနစ်ပိုင်းကို စပိန်သားတွေဖြစ်တဲ့ ဂွါဒီယိုလာ နဲ့ အလွန်ဆိုတို့ လမ်းစဉ်အတိုင်းလိုက်တာနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ အာတီတာက သူ့အနေနဲ့ အခုလိုလုပ်ဆောင်ခဲ့တာဟာ ၂ ဦးစလုံးကို ကောင်းကောင်းသိတာကြောင့်လို့ ပြောကြားလိုက်ပါတယ်။

“ကျွန်တော် သူတို့ကိုနည်းလမ်းများစွာ ပါဝင်ပတ်သက်ထားပါတယ်။ ပထမဆုံးအနေနဲ့ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တူညီတဲ့နေရာမှာကစားခဲ့တာကြောင့်ပါ။ ဒါ့အပြင် ကျွန်တော်သူတို့ ၂ ယောက်စလုံးကို ကောင်းကောင်းသိပါတယ်။

ကျွန်တော် ဇာဗီအလွန်ဆိုနဲ့တွဲကစားဖူးပါတယ်။ ကျွန်တော် ပက်နဲ့လည်း အသက် ၁၅ ကတည်းက သိပြီးသားပါ။ သူနဲ့ ၄ နှစ်လောက် အလုပ်တွဲလုပ်ဖူးပါတယ်။ သူ့ကစားဟန် ၊ သူ့ပွဲအစီအစဉ် ၊ သူ့အမြင် ၊ သူ့လုပ်ဆောင်နည်းအပြင် အရာအားလုံးကို ကျွန်တော်အတုယူပါတယ်။

အခြားသူတွေနဲ့ နှိုင်းယှဉ်ရတာမျိုးကို ကျွန်တော်မကြိုက်ပါဘူး။ သူတို့ ၂ ယောက်စိတ်ကူးနဲ့ဆင်တူပေမယ့် မတူညီပါဘူး။ ကျွန်တော့်မှာက ကျွန်တော့်လမ်းစဉ်အတိုင်းရှိပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အာတီတာက ၂၀၀၄ နွေရာသီမှာ အလွန်ဆိုနဲ့အတူ ဆိုစီဒက်မှာကစားနိုင်ခဲ့မယ်လို့ ထင်ခဲ့ရပေမယ့် အလွန်ဆိုကို လီဗာပူးထံ အလျင်အမြန်ရောင်းထုတ်ခဲ့ပါတယ်။ 

အဲ့နောက် ၂၀၀၅ အစမှာ အဲဗာတန်ထံ အာတီတာက ပြောင်းရွှေ့ခဲ့ပါတယ်။ အာတီတာ နဲ့ ဂွါဒီယိုလာတို့ကြား ဆက်ဆံရေးက ၁၉၉၇ ခုနှစ် လာမာစီယာအကယ်ဒမီကို အာတီတာကပြောင်းလာချိန်မှာ ပိုရင်းနှီးလာခဲ့တာဖြစ်ပါတယ်။

၂ ယောက်သား အဆုံးသတ်မန်စီးတီးမှာ နည်းပြအဖွဲ့ဝင်အဖြစ် ပြန်လည်လက်တွဲခဲ့ပါတယ်။ ပရီးမီးယားလိဂ်နည်းပြတစ်ဦးအနေနဲ့ ၇ ရာသီဝင်လာချိန်မှာ အာတီတာအနေနဲ့  လာမယ့်စက်တင်ဘာ ၂၁ မှာ မန်စီးတီးနဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး ဧပြီလ ၁၈ ရက်နေ့မှာ မန်စီးတီးကွင်းကို ပြန်လည်သွားရောက်ရမှာဖြစ်ပါတယ်။

အာတီတာအနေနဲ့ ချန်ပီယံလိဂ်မှာ ရီးရဲလ်နဲ့တွေ့ဆုံခဲ့မယ်ဆိုရင် လာမယ့်လတွေမှာလည်း အလွန်ဆိုနဲ့ ပြန်လည်တွေ့ဆုံနိုင်တာဖြစ်ပါတယ်။ မဲခွဲမှုကို လာမယ့်သြဂုတ်လ ၂၈ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။