The network connection is lost.

Banner Image

အခုသီတင်းပတ်အတွင်း ကော့ဘ်ဟမ်လေ့ကျင့်ရေးကွင်းဆီ သွားရောက်ကာ အသင်းဝန်ထမ်းတွေနဲ့တွေ့ဆုံခဲ့တဲ့ အလွန်ဆို

အလွန်ဆိုက သူ့ရဲ့နည်းပြသစ်တာဝန်မစတင်မီ အခုသီတင်းပတ်အတွင်း ချဲလ်ဆီးအသင်းရဲ့ လေ့ကျင့်ရေးကွင်းဆီ သွားရောက်ကာ အသင်းဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

လေဗာကူဆင်နဲ့ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းက ချဲလ်ဆီးအသင်းနဲ့လေးနှစ်စာချုပ် ချုပ်ဆိုကာ နည်းပြသစ်အဖြစ် တာဝန်ယူပြီးနောက် လာမယ့်ဇူလိုင်လအတွင်း အသင်းကို စတင်ကိုင်တွယ်သွားပါလိမ့်မယ်။

The Standard သတင်းဌာနရဲ့အဆိုအရ ရိုဆင်နီယာနေရာမှာ အစားထိုးဝင်ရောက်လာတဲ့ စပိန်လူမျိုးနည်းပြက ဘောလုံးရာသီသစ်မတိုင်ခင် အမြန်ဆုံးအလုပ်စတင်လိုနေပုံရကာ သူ့ကို ကော့ဘ်ဟမ်လေ့ကျင့်ရေးကွင်းမှာ မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ဒီသတင်းဖော်ပြချက်အရ အလွန်ဆိုက ချဲလ်ဆီးအသင်းဝန်ထမ်းတွေနဲ့အတူ ကစားသမားအပြောင်းအရွှေ့တွေအပြင် ဩစတြေးလျနဲ့ အာရှဒေသတွေဆီ သွားရောက်မယ့် ရာသီကြိုခရီးစဉ် အပါအဝင် အကြောင်းအရာအများအပြားကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီနွေရာသီ၊ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ အပြောင်းအလဲတွေ အများကြီးရှိလာမယ်လို့ မျှော်လင့်ရပြီး အသင်းရဲ့ထိပ်တန်းကစားသမားတွေဖြစ်ကြတဲ့ ကူကူရယ်လာနဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့လည်း အသင်းမှထွက်ခွာမယ်ဆိုတဲ့သတင်းတွေ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ချဲလ်ဆီးဂန္ထဝင်ကစားသမားဂျိုကိုးလ်ကတော့ အနောက်လန်ဒန်မှာ အလွန်ဆိုကိုယ်တိုင် ကြီးမားတဲ့အပြောင်းအလဲတွေ ပြုလုပ်ဖို့ ပြင်ဆင်နေလို့ ဒီကစားသမားနှစ်ဦးလုံးကို အသင်းမှ ထွက်ခွာခွင့်ပြုလိမ့်မယ်လို့ ယူဆနေပါတယ်။

"အစောပိုင်းမှာ အာတီတာလုပ်ဆောင်ခဲ့တဲ့ အကြီးမားဆုံးဆုံးဖြတ်ချက်တွေအနက် တစ်ခုကတော့ လာကာဇက်တီနဲ့ အူဘာမီယန်းတို့ကို အသင်းမှထွက်ခွာခွင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီမှာလည်း အလားတူ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်" လို့ ဂျိုကိုးလ်က မှတ်ချက်ပြုခဲ့ပါတယ်။

"ဒါပေမဲ့ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ဒါက အားကစားဒါရိုက်တာတွေရဲ့လွှမ်းမိုးမှုကြောင့် မဖြစ်နိုင်ပါဘူး။ အလွန်ဆိုက နေ့စဉ်လုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားဖို့ရှိလို့ ကစားသမားတွေနဲ့ ဆက်ဆံရေးကို သိရှိနားလည်နိုင်ပြီး သူတို့ရဲ့ကိုယ်ဟန်ပြသမှုတွေ၊ အပြုအမူလေးတွေကို မြင်တွေ့ရပါလိမ့်မယ်။ ကစားသမားတွေက သူ့ဘက်မှာ ရှိ၊ မရှိနဲ့ ကစားသမားတွေ ဘယ်လောက်အထိတန်ဖိုးရှိလဲဆိုတာကို သူ ကောင်းကောင်းသိပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာကတော့ အလွန်ဆိုကိုယ်တိုင်ကသာ ဆုံးဖြတ်ချက်တွေ ချမှတ်သွားရပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။