The network connection is lost.

Banner Image

နယူးကာဆယ်က ထွက်ခွာရခြင်းအပေါ် ဝမ်းနည်းမိကြောင်း ပြောကြားလိုက်တဲ့ အမန်ဒါစတာဗယ်လီ

မကြာခင်အချိန်အတွင်း အခြားပရောတစ်ခုကို ပြောင်းနိုင်တယ်လို့ မပြောကြားမီ နယူးကာဆယ်ကနေ ထွက်ခွာခဲ့ရတဲ့အပေါ် သူမအနေနဲ့ ဝမ်းနည်းမိကြောင်း အမန်ဒါစတာဗယ်လီက ပြောကြားလိုက်ပါတယ်။ စတာဗယ်လီရဲ့ သူမရဲ့ခင်ပွန်း မာဒက်ဂိုယူဒက်စ်တို့ဟာ ဆော်ဒီအာရေးဗျရဲ့ ပေါင် ၃၀၅ သန်းဖြင့် ၂၀၂၁ ခုနှစ်တုန်းက နယူးကာဆယ်အား လက်လွှဲယူရေးကိစ္စမှ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။

အသင်းမှာ ၃ နှစ်ကြာ ရှိခဲ့ပြီးနောက်မှာတော့ သူမသာ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်နိုင်ဖို့နှင့် ကာရာဘောင်ဖလားဖိုင်နယ်သို့ ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အခုတော့ အသက် ၅၁ နှစ်အရွယ် စတာဗယ်လီဟာ ကလပ်ကနေ ထွက်ရတဲ့အပေါ် ပြန်လည်ပြောကြားထားပြီး ပရီးမီးယားလိဂ်ကလပ်နေထွက်ခဲ့ရတာကြောင့် ဝမ်းနည်းမိကြောင်း ပြောလိုက်ပါတယ်။

The Athletic သို့ သူမက "ကျွန်မ အရမ်းကို ဝမ်းနည်းမိပါတယ်။ ဒီလိုအံ့ဩဖို့ကောင်းတဲ့ကလပ်ကနေထွက်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အသင်းဟာ ကျွန်မရဲ့ DNA အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး ကိုယ်ချစ်မြတ်နိုးတဲ့အရာတစ်ခုကိုတော့ လက်မလွှတ်ချင်ပါဘူး။ အရမ်းကိုနာကျင်ခံစားရပါတယ်" "ဒီကနေ နေ့တိုင်းဆုတောင်းပေးနေရပေမယ့် အခုလိုဖြစ်တာ မျှတမှုတော့မရှိပါဘူး။ ကလပ်ရဲ့အုပ်ချုပ်မှုအဖွဲ့အနေနဲ့ သူတို့ရဲ့စီးပွားရေးအစီစဉ်ကို ပြသဖို့ အခွင့်အရေးရသင့်ပါတယ်။ ကျွန်မတို့က အလုပ်ကြီးကြီးကိုလုပ်ခဲ့ကြပြီး အရမ်းကိုကောင်းမွန်ခဲ့ကြပါတယ်" "ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်မတို့က နယူးကာဆယ်အတွင် မှန်ကန်သင့်လျော်တဲ့သူတွေဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ သူတို့တွေလိုအပ်ခဲ့ကြတာပါ။ ဒီမှာဘာမှမလုပ်ဘဲ ကျွန်မက အသုံးမဝင်တော့ဘူးဆိုရင် ဘာတွေလုပ်ရမလဲဆိုတာ အမြဲတမ်းပြောပေးနေတာကြောင့် ဒါရင်အတွက်ကတော့ မမျှတပါဘူး" လို့ ပြောပါတယ်။

PCP Capital Partners ရဲ့ စီအီးအိုဖြစ်သူ အင်္ဂလိပ်စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးဟာ ၂၀၂၁ ခုနှစ်တွင် မိုက်အက်ရှ်လေရဲ့ Sports Direct tycoon ကနေ နယူးကာဆယ်အား ဆော်ဆီက PIF နှင့် Reuben Brothers မှ ဝယ်ယူမှုတွင် အဓိက ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနှင့်အတူ သူမဟာ ကနဦးတွင် ကလပ်ရဲ့ ရှယ်ယာ ၁၀ % ကို ပိုင်ဆိုင်ပြီး နောက်ပိုင်းမှာ ၆ % အထိ လျော့ချခြင်းခံခဲ့ရပါတယ်။ ဆော်ဒီက PIF ကတော့ ၈၀ % ကနေ ၈၅ % အထိ တိုးယူခဲ့တာဖြစ်ပါတယ်။

ကလပ်က စိတ်ချရတဲ့အနေအထားမှာရှိသလားလို့မေးရာတွင် "လုံးဝကို စိတ်ချရတဲ့အနေအထားမှာရှိပါတယ်။ ရူဘန်မိသားစုကလည်း ကျွန်မမိသားစုလိုပါပဲ။ PIF လည်း အလားတူပါပဲ။ ရာဆာက ကျွန်မရဲ့မိတ်ဆွေကောင်းတွေထဲက တစ်ဦးဖြစ်ပါတယ်။ ကျွန်မ နယူးကာဆယ်ကို တန်ဖိုးထားသလို သူတို့တွေကလည်း အတူတူပါပဲ" လို့ ဖြေပါတယ်။ အခုတော့ သူမတို့ နှစ်ဦးဟာ အခြားစီးပွားရေးလုပ်ငန်းတွေကို စိတ်ဝင်စားနေကြပြီး မကြားသေးခင်ကမှ တော့တင်ဟမ်နှင့် ချိတ်ဆက်မှုတွေရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

Bloomberg ရဲ့ ဖော်ပြချက်အရ PCP Partners ကနေ ရင်းနှီးမြှပ်နှံဖို့ ပေါင်သန်း ၅၀၀ ကို ထည့်သွင်းပြီးနောက် တော့တင်ဟမ်မှာ အလားအလာရှိတဲ့ ရင်းနှီးမြှပ်နှံဖို့အတွက် ဆွေးနွေးမှုတွေ ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ဒီသတင်းတွေက မှန်ကန်လားလို့မေးရာတွင် သူမက "ကျွန်မကတော့ နယူးကာဆယ်မှာပဲ ဆက်ရှိချင်တာပါ။ ဒါပေမဲ့ ဘဝဆိုတာ ကိုယ်ဖြစ်ချင်သလိုအတိအကျဖြစ်နေတာမှမဟုတ်တာ။ ဘာနဲ့မှ အစားထိုးသွားလို့တော့ မရပါဘူး" "ကျွန်မက နယူးကာဆယ်ကို သဘောကျနေတုန်းပါ။ ကလပ်နဲ့ ပရိသတ်တွေကလည်း ဒါကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကလပ်ရဲ့လမ်းမှာလည်း မပိတ်ချင်ပါဘူး။ သူတို့အတွက်ကတော့ အကောင်းဆုံးပဲဖြစ်လာမှာပါ" "ကျွန်မ ခင်ပွန်းကတော့ တစ်ခုခုကို လုပ်ချင်နေပါပြီ။ ကျမတို့က အလုပ်ကြိုးစားတဲ့သူတွေပါ။ အလုပ်တွေ အများကြီးလုပ်ရတာကို သဘောကျပြီး ဘောလုံးကို သဘောကျပါတယ်"


"အခြားပရောဂျက်ကိုရွှေ့ရတဲ့အပေါ် စိတ်မကောင်းဖြစ်မိသလို အခြားကလပ်ကို ဝယ်ယူဖို့ ဆိုတာကလည်း ခက်ခဲပါတယ်။ ဒါကတော့ ဖြစ်နိုင်ပါတယ်" လို့ ပြောပါတယ်။