The network connection is lost.

Banner Image

ကိုယ်ရေးကိုယ်တာကိစ္စတွေပြီးဆုံးသွားပြီဖြစ်လို့ ယူနိုက်တက်နဲ့ပြန်လည်ပူးပေါင်းတော့မယ့် မက်ဂွါရီ

အမေရိကန်သို့ထွက်ခွာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီကြိုခရီးစဉ်မှာ လိုက်ပါနိုင်ခဲ့ခြင်းမရှိတဲ့ ဗဟိုခံစစ်မှူး ဟယ်ရီမက်ဂွါဒရီက ယခုအခါမှာတော့ ကိုယ်ရေးကိုယ်တာကိစ္စတွေ အဆင်ပြေပြေပြီးဆုံးသွားခဲ့ပြီဖြစ်လို့ အသင်းနဲ့ပြန်လည်ပူးပေါင်းတော့မယ့်အကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။ 

မက်ဂွါရီဟာ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုဖြေရှင်းဖို့အတွက် အသင်းရဲ့လူစာရင်းကနေနုတ်ထွက်ခဲ့ပြီး အင်္ဂလန်မှာပဲ ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ အင်္ဂလန်လက်ရွေးစင်က နောက်အပတ်မှာ အသင်းနဲ့ပြန်လည်ပူးပေါင်းသွားမယ့်အကြောင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးခဲ့တာဖြစ်ပါတယ်။ အင်စတာဂရမ်မှတစ်ဆင့် မက်ဂွါရီက "အခုချိန်မှာ အားလုံးအဆင်ပြေသွားပါပြီ။ မနက်ဖြန်မှာပဲ ခရီးထွက်ပြီး အသင်းနဲ့ပူးပေါင်းသွားပါမယ်။ စိတ်ပူပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ရေးသားခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း ပေါင်သန်း ၁၂၀ ကျော်အထိသုံးစွဲပြီး တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ကိုခေါ်ယူပြီး အသင်းကိုအားဖြည့်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရလဒ်ဆိုးတွေကြောင့် ဖိအားတွေရှိခဲ့တဲ့ နည်းပြရူဘင်အာမိုရင်အနေနဲ့ လာမယ့် ၂၀၂၅-၂၆ ရာသီမှာတော့ အသင်းကို ထိပ်တန်းအသင်းတစ်သင်းအဖြစ်ပြန်လည်တည်ဆောက်ဖို့ရည်ရွယ်နေတာလည်းဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ခါးသီးပြိုင်ဘက် အာဆင်နယ်နဲ့ထိပ်တိုက်တွေ့ဆုံသွားရမယ့် ယူနိုက်တက်ဟာ အဆိုပွဲစဉ်မတိုင်မီ ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ အဲဗာတန်၊ ဖီအိုရင်တီးနားတို့နဲ့ ခြေစမ်းသွားရမှာဖြစ်ပါတယ်။