The network connection is lost.

Banner Image

အာဆင်နယ်အသာစီးရနေပေမဲ့ တခြားကလပ်တွေလည်း ရှိနေတယ်လို့ ဆိုလာတဲ့ ကိုဖာနေးရဲ့အေးဂျင့်

လေဗာကူဆင်လူငယ်ကြယ်ပွင့်ကိုဖာနေးကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းက ပြိုင်ဘက်တွေနဲ့ အပြင်းအထန် ရင်ဆိုင်နေရပါတယ်။

အသက် ၁၉ နှစ်အရွယ်ကိုဖာနေးက အခုသီတင်းပတ်အတွင်း ဂန်းနားတွေနဲ့ သတင်းတွေ အမြောက်အများထွက်ပေါ်ခဲ့ပါတယ်။

ကိုဖာနီရဲ့အေးဂျင့်က အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကို အတည်ပြုပေးခဲ့သလို ဒီလူငယ်ကစားသမားကို စောင့်ကြည့်နေတာဟာ အာဆင်နယ်တစ်သင်းတည်း မဟုတ်ဘဲ တခြားပရီးမီးယားလိဂ်ကလပ်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

 အေးဂျင့်ဖြစ်သူ အဲရစ်ဒီပိုလိုက Daily Arsenal ကို ပြောကြားရာမှာ "ဟုတ်ပါတယ်၊ အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုက အစစ်အမှန်ပါ။ နည်းပြအာတီတာက သူ့ကို တော်တော်လေး သဘောကျနေပါတယ်" လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် တခြားကလပ်အသင်းတွေလည်း အပြိုင်အဆိုင် ရှိနေတယ်လို့ အေးဂျင့်က ထုတ်ဖော်ပြောခဲ့ပြီး အဲဒီအသင်းတွေကတော့ ချဲလ်ဆီး၊ နယူးကာဆယ်၊ အဲဗာတန်၊ ဘရန့်ဖို့ဒ်၊ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ပဲ ဖြစ်ပါတယ်။ ဘယ်အသင်းက အခြေအနေအကောင်းဆုံးလဲလို့ မေးမြန်းတဲ့အခါမှာတော့ အေးဂျင့်က "ဘယ်အသင်းက အနီးစပ်ဆုံးလဲဆိုတာ ပြောဖို့တော့ စောပါသေးတယ်၊ ဒါပေမဲ့ ကစားသမားက အာတီတာလိုမျိုး စပိန်စကားပြောတတ်တာရယ်၊ ဝီလျံဆာလီဘာလို မူလဘူတကင်မရွန်းနွယ်ဖွား ရှိနေတာရယ်ကြောင့် အာဆင်နယ်ကတော့ အသာစီးမှာ ရှိနေတယ်လို့ ပြောချင်ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။