မာလီလူငယ်ကြယ်ပွင့် မိုင်ဂါကို ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာအသင်းတို့ အပြိုင်အဆိုင် ကြိုးပမ်းနေ
မာလီလူငယ်ကြယ်ပွင့် မိုင်ဂါကို ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာအသင်းတို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။
မာလီလူငယ်လေး အဘူဘာကာ မိုင်ဂါကို ခေါ်ယူဖို့ ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းကြီးတွေက အပြိုင်အဆိုင် စောင့်ကြည့်နေကြတာပါ။
အသက် ၁၆ နှစ်သာ ရှိသေးတဲ့ မိုင်ဂါကို ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့က ချဉ်းကပ်ကမ်းလှမ်းမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
Sport သတင်းစာရဲ့ ဖော်ပြချက်အရ မိုင်ဂါဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ စမ်းသပ်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး အခုအချိန်မှာတော့ ပီအက်စ်ဂျီအသင်းမှာ လေ့ကျင့်ခန်းဆင်းနေတယ်လို့ သိရပါတယ်။
အသင်းနှစ်သင်းလုံးက သူ့ကို ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေကြပေမဲ့ လက်ရှိမှာတော့ ပီအက်စ်ဂျီက ကတ်တလန်ကလပ် ဘာစီလိုနာထက် အခြေအနေ ပိုကောင်းနေပါတယ်။
ဘာစီလိုနာအသင်းဟာ မိုင်ဂါကို ခေါ်ယူဖို့ အလွန်နီးစပ်ခဲ့ပေမဲ့ အခုအခါမှာတော့ ပီအက်စ်ဂျီက ကျော်တက်သွားပြီလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ တိုက်စစ်ကွင်းလယ်ကစားသမား မိုင်ဂါဟာ လက်ရှိမှာတော့ ဘာမာကိုမြို့က Africa Foot Academy မှာ ကစားနေသူ ဖြစ်ပါတယ်။