ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့် ဖာမင်လိုပက်ဇ်အတွက် ယူရို သန်း ၁၀၀ အထိ အသုံးပြုဖို့ ယူနိုက်တက်အဆင်သင့်ဖြစ်နေ
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာကြယ်ပွင့် ဖာမင်လိုပက်ဇ်ကို ခေါ်ယူနိုင်ဖို့အတွက် ယူရို သန်း ၁၀၀ အထိ အသုံးပြုသွားဖို့ အသင့်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လိုပက်ဇ်ဟာ ဒီရာသီ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲမှာ ၁၂ ဂိုးသွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှု ၁၆ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်တာကြောင့် အလွန်ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသနေသူလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီကတည်းက လိုပက်ဇ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းက စိတ်ဝင်စားခဲ့ပေမဲ့ သူကတော့ သူငယ်စဉ်ကတည်းက ကြီးပြင်းလာခဲ့တဲ့ ကလပ်အသင်းကနေ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။
El Chiringuito TV ရဲ့ ဖော်ပြချက်အရ အခုအခါမှာတော့ မန်ယူအသင်းဟာ လိုပက်ဇ်ကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ဆောင်လာဖို့အတွက် ယူရို သန်း ၁၀၀ နဲ့ ကမ်းလှမ်းပြီး သူရဲ့ ဆုံးဖြတ်ချက်ကို စမ်းသပ်သွားတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းနဲ့ နည်းပြ ဟန်ဆီဖလစ်တို့ဟာ အဲဒီတိုက်စစ်ကွင်းလယ်လူကို ရောင်းချဖို့ စိတ်မဝင်စားတာကြောင့် ဒီအပြောင်းအရွှေ့ဟာ ဖြစ်လာဖို့ အခွင့်အလမ်း အလွန်နည်းပါးနေပါသေးတယ်။