The network connection is lost.

Banner Image

ဂျူဗင်တပ်စ်နောက်ခံလူ ကာလူလူကို အပြိုင်အဆိုင်စိတ်ဝင်စားနေတဲ့ ယူနိုက်တက်နဲ့ လီဗာပူး

ပရီးမီးယားလိဂ်အင်အားကြီးကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့က လာမယ့်နွေရာသီမှာ ဂျူဗင်တပ်စ်နောက်ခံလူ ပီယာရီကာလူလူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားက အီတလီထိပ်သီးဂျူဗင်တပ်စ်အတွက် စီးရီးအေပွဲစဉ် ၂၉ ပွဲစလုံးမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့ပြီး အခုရာသီမှာ အိုးလေဒီတွေအတွက် အဓိကကစားသမားတစ်ဦး ဖြစ်နေပါတယ်။ 

Il Giornale ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့က ခံစစ်ပိုင်းပိုမိုတောင့်တင်းအောင် အားဖြည့်နိုင်ဖို့အတွက် ကာလူလူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဂျူဗင်တပ်စ်အသင်းဘက်ကတော့ ကာလူလူကို မရောင်းချနိုင်တဲ့ ကစားသမားအဖြစ် သတ်မှတ်ထားပြီး အခုလောလောဆယ်မှာ လက်လွှတ်ဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။

အဆိုပါပြင်သစ်နောက်ခံလူရဲ့လက်ရှိစာချုပ်က ၂၀၂၉ ခုနှစ်အထိ ရှိနေသလို အသင်းဘက်ကလည်း စာချုပ်သစ်ချုပ်ဆိုဖို့အတွက်ပါ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။