The network connection is lost.

Banner Image

ဒေါ့မွန်ကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ ဘရန့်ဒ်ကို ခေါ်ယူဖို့ အက်စတွန်ဗီလာနဲ့ ရိုးမားတို့ အပြိုင်အဆိုင် စိတ်ဝင်စားနေ

အက်စတွန်ဗီလာအသင်းဟာ ဘိုရုရှားဒေါ့မွန်အသင်းရဲ့ ကွင်းလယ်လူ ဂျူလီယန်ဘရန့်ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒီဂျာမနီလက်ရွေးစင်ကစားသမားဟာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် အခုလာမယ့် နွေရာသီမှာ ဒေါ့မွန်အသင်းကနေ ထွက်ခွာတော့မှာပါ။ ဒေါ့မွန်အသင်းဘက်ကလည်း ဒီရာသီအကုန်မှာ သူတို့နှစ်ဦး လမ်းခွဲကြတော့မယ်လို့ အတည်ပြု ကြေညာထားပြီးသား ဖြစ်ပါတယ်။

အီတလီအပြောင်းအရွှေ့ကျွမ်းကျင်သူ နီကိုလိုရှီရာရဲ့ အဆိုအရ ဇူလိုင်လမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမယ့် ဂျူလီယန်ဘရန့်ဒ်ကို ခေါ်ယူဖို့ အက်စတွန်ဗီလာ၊ အေအက်စ်ရိုးမားနဲ့ ဖီနာဘာချီအသင်းတို့က စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရန့်ဒ်ဟာ လက်ရှိမှာ ဒေါ့မွန်အသင်းအတွက် ၆ ရာသီမြောက်အဖြစ် ကစားပေးနေတာလည်း ဖြစ်ပါတယ်။