The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ဟာ အံ့ဩစရာကောင်းတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာ ပြောကြား

ပရီးမီးယားလိဂ်ဟာ အထင်ကြီးခံထားရသလောက် မကောင်းဘူးဆိုတဲ့ ပြောဆိုချက်တွေကို မန်စီးတီးနည်းပြ ပပ်ဂွာဒီယိုလာက ပယ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဥရောပပြိုင်ပွဲ သုံးခုစလုံးမှာ ပရီးမီးယားလိဂ်ကလပ်တွေ ရုန်းကန်ခဲ့ရတာကြောင့် အင်္ဂလန်ထိပ်တန်းလိဂ်ရဲ့ အရည်အသွေးအပေါ် သံသယတွေ ရှိလာခဲ့တာပါ။

ဒါပေမဲ့ ဒီအပတ်ထဲမှာ ဝက်စ်ဟမ်းအသင်းနဲ့ မကစားခင် ဂွာဒီယိုလာက "အရင်ကတော့ ကျွန်တော်တို့လိဂ်က ကမ္ဘာ့အကောင်းဆုံးလိဂ်လို့ သတ်မှတ်ခံထားရတာ မဟုတ်လား။ ဒါပေမဲ့ ဒီအပတ် ဖြစ်ပျက်ခဲ့တာတွေကြောင့် အဲဒီလိုမဟုတ်တော့ဘူးလို့ ပြောနေကြပြီ။ ကျွန်တော်ကတော့ ကျွန်တော်တို့ရဲ့ လိဂ်ပြိုင်ပွဲဟာ တကယ်ကို အံ့ဩစရာကောင်းတယ်လို့ ယုံကြည်ထားပါတယ်။ ဒါဟာ တကယ်ကို ကောင်းမွန်တဲ့ ပြိုင်ပွဲတစ်ခုပါ။ ဒါပေမဲ့ တစ်ပွဲ၊ နှစ်ပွဲနဲ့ အဆုံးအဖြတ်ပေးရတဲ့ အခုလိုပြိုင်ပွဲမျိုးမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ အဲဒါက တခြားလိဂ်တွေကလည်း ကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အခုဆိုရင် လူတိုင်းက နော်ဝေက ဘိုဒိုဂလင့် (Bodo/Glimt) အသင်းအကြောင်း ပြောနေကြပြီ မဟုတ်လား။ အဆင့်အတန်းမြင့်တဲ့ အသင်းတစ်သင်းပါ။ စပို့တင်းကို နိုင်တယ်၊ အင်တာမီလန်ကို နိုင်တယ်၊ ကျွန်တော်တို့ကိုရော၊ အက်သလက်တီကို မက်ဒရစ်ကိုပါ အနိုင်ရခဲ့တာ။ အသင်းတိုင်းက ခက်ခဲပါတယ်။ အားလုံးက ပိုပြီး ပြင်ဆင်လာကြသလို တစ်သင်းနဲ့တစ်သင်းလည်း အပြန်အလှန် လေးစားမှုတွေ အများကြီး ရှိကြပါတယ်" လို့ ပြောကြားခဲ့ပါတယ်။