The network connection is lost.

Banner Image

အိမ်ကွင်းရှုံးပွဲကြုံတွေ့ပြီး တန်းဆင်းဇုန်အန္တရာယ်ရင်ဆိုင်လာရတဲ့ တော့တင်ဟမ်

တော့တင်ဟမ် ၁-၃ ခရစ္စတယ်ပဲလေ့စ် (ပွဲပြီးရလဒ်)

အခုလန်ဒန်ဒါဘီပွဲစဉ်မှာ ဆိုလန်ကီရဲ့သွင်းဂိုးကြောင့် အိမ်ရှင်တော့တင်ဟမ်တို့ ပြိုင်ဘက်ကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဗန်ဒီဗန်တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံရမှုနဲ့အတူ အိမ်ကွင်းဂိုးပြတ်ရှုံးပွဲတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဧည့်သည်ခရစ္စတယ်ပဲလေ့စ်အတွက် ချေပဂိုးနဲ့အနိုင်ဂိုးတွေကိုတော့ ပထမပိုင်းပွဲချိန်မပြီးဆုံးခင် အစ္စမေလာဆားက ပင်နယ်တီအပါအဝင်နှစ်ဂိုး၊ စတန်းလာဆင်က တစ်ဂိုး သွင်းယူခဲ့ကြပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာလည်း အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ကစားဖို့ ကြိုးပမ်းခဲ့ကြပေမယ့် နောက်ထပ်သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပါဘူး။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်ထားတဲ့ အီဂေါတူဒေါရဲ့တော့တင်ဟမ်အသင်းက တန်းဆင်းဇုန်ထဲမှာရှိနေတဲ့ လန်ဒန်ဒါဘီပြိုင်ဘက်ဝက်စ်ဟမ်းနဲ့ တစ်မှတ်သာကွာဟပါတော့တယ်။