The network connection is lost.

Banner Image

အဲဗာတန်ကစားသမားတစ်ဦးဖြစ်နေရခြင်းကို သဘောကျနှစ်ခြိုက်နေတဲ့ တိုင်ရီကွီဂျော့ရှ်

တိုင်ရီကွီဂျော့ရှ်က အဲဗာတန်အသင်းမှာ ကစားရတဲ့ သူ့ရဲ့အချိန်တွေကို သဘောကျနှစ်ခြိုက်နေပါတယ်။

ဒီတောင်ပံကစားသမားက ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ချဲလ်ဆီးမှ အဲဗာတန်ဆီ အငှားစာချုပ်နဲ့ လာရောက်ပူးပေါင်းခဲ့ပါတယ်။
 
evertonfc.com နဲ့တွေ့ဆုံချိန် ဂျော့ရှ်က "ကျွန်တော်က ဂိုးဖန်တီးမှုတွေလုပ်ချင်တယ်၊ ဂိုးတွေသွင်းချင်တယ်၊ ပြီးတော့ ထူးခြားတဲ့အရာတွေကို ဖန်တီးပေးချင်ပါတယ်။ ဒါတွေဖြစ်လာဖို့အတွက်လည်း ဆက်ပြီး ကြိုးစားသွားပါမယ်။

အဲဗာတန်ကစားသမားတစ်ဦးအဖြစ် ဒီမှာရှိနေရတာကို သဘောကျပါတယ်။ အသင်းဖော်တွေကလည်း ထူးချွန်ကြသလို ဒီမှာရှိတဲ့သူတိုင်းကလည်း အရမ်းကို ဖော်ရွေကြပါတယ်။ အသင်းအတွက် နိုင်ပွဲတွေ အများကြီးရအောင် ကူညီပေးချင်ပါတယ်။ 

ဒါက ကျွန်တော့်ရဲ့တစ်ခုတည်းသော ရည်မှန်းချက်ပါပဲ။ အဲဒါကတော့ အသင်းနိုင်ပွဲတွေ အများကြီးရရှိဖို့ ကူညီပေးဖို့ပါ။ ကျွန်တော်တို့ ဥရောပပြိုင်ပွဲဝင်ခွင့်ရဖို့ မျှော်လင့်ထားပြီး အခုထိလည်း ဖြစ်နိုင်ခြေရှိနေပါသေးတယ်" လို့ ဆိုပါတယ်။
 
ဒါ့အပြင် သူက "ပရိသတ်တွေကတော့ အကောင်းဆုံးပါပဲ၊ သူတို့က တကယ်ကို လူကောင်းတွေပါ။ စိတ်အားထက်သန်မှုတွေ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ပြီး ကွင်းထဲကို ခြေချလိုက်တိုင်း အဲဒီခံစားချက်ကို ခံစားရတာကို ကျွန်တော် သဘောကျပါတယ်။ သူတို့အတွက် ကျွန်တော် ကစားပေးချင်ပါတယ်" လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။