The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်အသင်းသားတွေ အတော်လေးစိတ်ပျက်နေကြတယ်လို့ ဝန်ခံလိုက်တဲ့ ကာယိုဒီ

ဘရန့်ဖို့ဒ်နောက်ခံလူကာယိုဒီက တနင်္လာနေ့ညက ဝုဗ်နဲ့ အိမ်ကွင်းမှာ နှစ်ဂိုးစီသရေကျခဲ့တဲ့ တနင်္လာညပွဲစဉ်အပြီး ခံစားချက်တွေ ရောထွေးနေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အီတလီ ယူ-၂၁ လက်ရွေးစင်ကစားသမားက အခုပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကစားသမားဘ၀၊ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အသင်းက နှစ်ဂိုးပြတ်ဦးဆောင်နိုင်ပြီးမှ ဝုဗ်ရဲ့ချေပဂိုးတွေကို ပြန်လည်ခွင့်ပြုပေးခဲ့ရပါတယ်။

ပွဲစဉ်အပြီး ကာယိုဒီက "ကျွန်တော်တို့ တကယ်ကို စိတ်ပျက်မိပါတယ်။ အမှန်အတိုင်းပြောရရင် ဒီပွဲကို ကျွန်တော်တို့ အနိုင်ရချင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

"ဒုတိယပိုင်းကတော့ တကယ့်ကို ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ ပထမပိုင်းလိုမျိုး ပိုပြီးတော့ ယုံကြည်မှုရှိရှိ ကစားခဲ့သင့်တယ်။ ဘာပဲဖြစ်ဖြစ် တစ်မှတ်တော့ ရခဲ့လို့ အနာဂတ်အတွက်ပဲ အာရုံစိုက်ပြီး ရှေ့ဆက်သွားရပါမယ်" လို့ ၎င်းက ဆက်ပြောခဲ့ပါတယ်။

ဒါ့အပြင် "ကျွန်တော့်ရဲ့ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့လို့လည်း အရမ်းဝမ်းသာပါတယ်။ ဂိုးဧရိယာထဲအထိ ရောက်အောင်သွားပြီး ဂိုးသွင်းရမယ်လို့ ယုံကြည်ထားကာ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်" လို့လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။