The network connection is lost.

Banner Image

နွေရာသီအပြောင်းအရွှေ့အတွက် အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ ယူနိုက်တက်

မန်ယူအကြီးအကဲတွေဟာ အသင်းရဲ့ကွင်းလယ်ပိုင်းအတွက် ကစားသမားသစ်ရှာဖွေရာမှာ အရင်ကကျင့်သုံးခဲ့တဲ့ မူဝါဒဟောင်းတွေကို ဖျက်သိမ်းပြီး ပုံစံသစ်နဲ့ ပြောင်းလဲလုပ်ဆောင်နေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ပရီးမီးယားလိဂ်အတွေ့အကြုံရှိပြီး လိဂ်အကြောင်း ကောင်းကောင်းနားလည်တဲ့သူတွေကိုပဲ အဓိကထား ရှာဖွေသွားမှာပါ။

Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်စီမံခန့်ခွဲသူတွေဟာ လာမယ့်ရာသီမှာ ကွင်းလယ်ပိုင်းကို ပိုမိုတောင့်တင်းလာစေဖို့အတွက် အတွေ့အကြုံရှိ အကြီးတန်းကစားသမားသစ် နှစ်ဦးအထိ ခေါ်ယူဖို့ ရည်မှန်းထားပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ နယူးကာဆယ်က ဆန်ဒရို တိုနာလီ၊ နော်တင်ဟမ်ဖောရက်စ်က အီလီယတ် အန်ဒါဆန်နဲ့ ခရစ္စတယ်ပဲလေ့စ်က အာဒမ် ဝေါ်တန်တို့လို ထိပ်တန်းကစားသမား သုံးဦး ပါဝင်နေပါတယ်။

ဒီကွင်းလယ်လူ သုံးဦးစလုံးဟာ ငယ်ရွယ်တဲ့အပြင် အဓိကအချက်အနေနဲ့ အားလုံးဟာ ပရီးမီးယားလိဂ်မှာ လက်ရှိကစားနေကြတဲ့သူတွေ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဥရောပတိုက်က တခြားလိဂ်တွေဆီကနေ ကစားသမားရှာဖွေတဲ့ ပုံစံကနေ အခုဆိုရင် ခွဲထွက်လာခဲ့ပါပြီ။ အထူးသဖြင့် ပြီးခဲ့တဲ့နွေရာသီမှာ ရောက်ရှိလာခဲ့တဲ့ မားသီးယပ်စ် ကွန်ညာနဲ့ ဘရိုင်ယန် အမ်ဘီယူမိုတို့က အသင်းတွေရဲ့ တိုက်စစ်ပိုင်းကို ဘယ်လိုမျိုး အင်အားဖြစ်စေခဲ့သလဲဆိုတာကို ကြည့်ပြီး ပြည်တွင်းလိဂ် အတွေ့အကြုံရှိမှုကို ပိုပြီး အလေးထားလာတာ ဖြစ်ပါတယ်။ အခုလို ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူတွေဟာ ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေတဲ့ ကိုဘီ မိန်းနူးကို အကောင်းဆုံး အထောက်အကူပြုနိုင်ဖို့အတွက်လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်။