The network connection is lost.

Banner Image

ယူနိုက်တက် လူငယ်တောင်ပံကစားသမား ဘီယန်ချာရီကို ရော့သာဟမ်အသင်း အငှားနဲ့ခေါ်ယူ

အင်္ဂလန်လိဂ်ဝမ်းကလပ် ရော့သာဟမ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်တောင်ပံကစားသမား ဂါဘရီရယ် ဘီယန်ချာရီကို အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဝေးလ် ယူ-၂၁ လက်ရွေးစင် ကစားသမားဖြစ်သူ ဘီယန်ချာရီဟာ အခုရာသီ လက်ကျန်ကာလတွေအတွက် ရော့သာဟမ် အသင်းထံ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

၎င်းဟာ ဝေးလ်လူငယ်လက်ရွေးစင်အသင်းဖြစ်တဲ့ ယူ-၁၆ ကနေ ယူ-၂၁ အထိ အဆင့်တိုင်းမှာ ကိုယ်စားပြုကစားပေးထားသလို ၂၀၂၅ ခုနှစ် ကနေဒီယန်ရှီးလ် ချစ်ကြည်ရေးပြိုင်ပွဲမတိုင်မီ ကနေဒါစီနီယာအသင်းရဲ့ လေ့ကျင့်ရေးလူစာရင်းမှာ ပါဝင်ဖို့အတွက်လည်း ဖိတ်ကြားခြင်းခံခဲ့ရသူဖြစ်ပါတယ်။

အခုအခါမှာတော့ ဘီယန်ချာရီဟာ ရော့သာဟမ်အသင်းက အသင်းဖော်သစ်တွေနဲ့ ပူးပေါင်းတော့မှာဖြစ်ပြီး အဲဒီအထဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ဒန်ဂိုးလည်း ပါဝင်နေတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ကာလအတွင်းမှာ ဘီယန်ချာရီကို ခေါ်ယူဖို့အတွက် စပိန်ကလပ် ရီးရဲလ် ဘက်တစ်အသင်းကလည်း စိတ်ဝင်စားမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။