The network connection is lost.

Banner Image

အာဆင်နယ်ကိုကျော်ဖြတ်ပြီး စကော့တလန်လူငယ်ကြယ်ပွင့်ဂျိမ်းစ်ဝီလ်ဆင်ကို အမိအရခေါ်ယူနိုင်ခဲ့တဲ့ တော့တင်ဟမ်

စကော့တလန်လူငယ်ကြယ်ပွင့်ဂျိမ်းစ်ဝီလ်ဆင်ကိုခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ တော့တင်ဟမ်က မြောက်လန်ဒန်ဒါဘီပြိုင်ဘက်အာဆင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းကြီးနှစ်ခုလုံးက အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့ အသက်-၁၈ နှစ်အရွယ်ကစားသမားအတွက် ဟတ်စ်အသင်းနဲ့ဆွေးနွေးမှုပြုလု်ပခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ တော့တင်ဟမ်အသင်းက အာဆင်နယ်ကိုကျော်ဖြတ်ပြီး အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့ပါတယ်။

အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုရဲ့အဆိုအရ အာဆင်နယ်ဟာ ဝီလ်ဆင်ကို အစမ်းလေ့ကျင့်မှု (Trial) အတွက်သာကမ်းလှမ်းခဲ့လို့ ဟတ်စ်အသင်းဘက်မှလက်ခံပေးရန် တွန့်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိသဘောတူညီမှုအရ ဂျိမ်းစ်ဝီလ်ဆင်ဟာ တော့တင်ဟမ်အသင်းထံ အငှားစာချုပ်ဖြင့် ကနဦးပြောင်းရွှေ့လာပြီး လာမယ့်နွေရာသီမှာ အပြီးသတ်ပြောင်းရွှေ့နိုင်မယ်လို့ သိရပါတယ်။ ဒါပေမဲ့ အပြီးသတ်ပြောင်းရွှေ့ကြေးပမာဏကိုတော့ အခုအချိန်အထိ အတိအကျမသိရသေးပါဘူး။

ဒီတိုက်စစ်မှူးလေးက အခုဘောလုံးရာသီမှာပဲ ဟတ်စ်စီနီယာအသင်းကြီးဆီ စတင်ပူးပေါင်းလာခဲ့ပြီး စကော့တလန်ပရီးမီးယားရှစ်မှာ ပွဲထွက်ခွင့်တစ်ကြိမ်ရရှိမှုအပါအဝင် ခြောက်ပွဲအထိ ပါဝင်ကစားထားပါတယ်။