The network connection is lost.

Banner Image

လန်ဒန်မြေမှာ ဒေါ့မွန်ကို ပေးဂိုးမရှိအနိုင်ယူခဲ့တဲ့ တော့တင်ဟမ်

တော့တင်ဟမ် ၂-၀ ဒေါ့မွန် (ပွဲပြီးရလဒ်)

အခုအိမ်ကွင်းပွဲစဉ်မှာ ဒဏ်ရာပြဿနာအကျပ်အတည်းတွေ့နေတဲ့ တော့တင်ဟမ်တို့ အနိုင်သုံးမှတ်အပြည့်ရရှိခဲ့လို့ အတော်လေးစိတ်သက်သာရာ ရရှိသွားပါလိမ့်မယ်။ ပွဲချိန်အစောပိုင်းမှာပဲ တော့တင်ဟမ်က ရိုမဲရိုးရဲ့ဦးဆောင်ဂိုးအပြင် ပြိုင်ဘက်ကစားသမားဆဗန်ဆန် အနီကတ်ပြထုတ်ပယ်ခံရလို့ ကစားသမားတစ်ဦး အသာစီးရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာ ဆိုလန်ကီအဆုံးသတ်မှုမှတဆင့် ဒုတိယမြောက်ဦးဆောင်ဂိုးရရှိခဲ့ပြီး ပြိုင်ဘက်အပေါ်နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ နှစ်ဖက်အသင်းကစားသမားတွေ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ကစားခဲ့ပေမယ့် နောက်ထပ်သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပါဘူး။ အခုနိုင်ပွဲနဲ့အတူ တော့တင်ဟမ်ရဲ့ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တိုက်ရိုက်တက်လှမ်းနိုင်ရေးမျှော်လင့်ချက် အားကောင်းလာခဲ့ပါတယ်။