ဆန်ချိုပြန်လာနို်ငဖို့အတွက် ခွင့်ပြုပေးလိုက်တဲ့ ဒေါ့မွန်နည်းပြကိုဗက်
ဆန်ချိုကို ဒေါ့မွန်ဆီ ပြန်ခေါ်ယူဖို့ နည်းပြကိုဗက် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ ဆန်ချိုရဲ့စာချုပ်က ဒီရာသီကုန်မှာ ကုန်ဆုံးဖို့ရှိနေပြီး ဒေါ့မွန်တ်အတွက် ဒီတိုက်စစ်မှူးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မယ့်အခွင့်အလမ်း ရှိနေတယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာပါတယ်။
Sport Bild သတင်းဌာနရဲ့ဖော်ပြချက်အရ ဒေါ့မွန်အသင်းဆီ ဆန်ချို တတိယအကြိမ်မြောက် ပြန်လာမယ့် အလားအလာက ပိုမိုခိုင်မာတဲ့ ပုံစံမျိုး ဖြစ်လာနေပြီလို့ သိရပါတယ်။
အခုလိုပြောင်းရွှေ့မှု ဖြစ်လာအောင် အဓိကတွန်းအားပေးနေသူဟာ ဆီဘက်စတီယန်ခါးလ် ဖြစ်တယ်လို့ ဆိုကြပေမဲ့ နည်းပြချုပ်ကိုဗက်ကလည်း အင်္ဂလန်သား ပြန်လာဖို့ကို သဘောတူနေပြီး အားကစားဆိုင်ရာ စီမံခန့်ခွဲမှု ဒါရိုက်တာ လာ့စ်ရစ်ကန်ကလည်း ဒီအစီအစဉ်ကို စိတ်ဝင်စားလာနေပါတယ်။
လက်ရှိမှာတော့ ဆန်ချိုက ယူနိုက်တက်မှာ တစ်နှစ်ကို လစာ ယူရို ၁၅ သန်းအထိ ရရှိနေတယ်လို့ သိရပြီး အသင်းပြောင်းဖို့အတွက်ဆိုရင် သူရဲ့လစာနှုန်းထားကို အတော်လေးလျှော့ချပေးသွားရပါလိမ့်မယ်။ အသက် ၂၅ နှစ်အရွယ် ဆန်ချိုအတွက် ဒေါ့မွန်အသင်းမှာ ပေးနိုင်မယ့် ပိုပြီးလက်တွေ့ကျတဲ့ တစ်နှစ်လစာကတော့ ယူရိုခုနစ်သန်းဝန်းကျင်လောက် ဖြစ်မယ်လို့ Sport Bild က ဆိုပါတယ်။
ဒီရာသီမှာတော့ ဆန်ချိုဟာ အက်စတွန်ဗီလာအသင်းမှာ အငှားဖြင့်သွားရောက်ကစားနေပြီး ပြိုင်ပွဲအရပ်ရပ် ၂၉ ပွဲပါဝင်ကစားပေးထားကာ တစ်ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားပါတယ်။