ဒေါ့မွန်မှထွက်ခွာလာမယ့် ဘရန့်ဒ်ကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ ဘာစီလိုနာတို့ စောင့်ကြည့်နေ
Sky Germany ရဲ့ဖော်ပြချက်အရ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရှိနေတဲ့ ဂျူလီယန်ဘရန့်ဒ်ကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ ဘာစီလိုနာအသင်းတို့လည်း စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ စောင့်ကြည့်နေကြတဲ့ ကလပ်အသင်းတွေထဲမှာ ပါဝင်နေပါတယ်။
ဒေါ့မွန်မှာ ခုနစ်နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် ဘရန့်ဒ်က သူ့ရဲ့ကစားသမားဘဝ နောက်တစ်ဆင့်တက်လှမ်းဖို့အတွက် ပြည်ပကလပ်အသင်းတစ်ခုဆီ ပြောင်းရွှေ့ချင်နေတယ်လို့ မကြာသေးခင်ကပဲ အတည်ပြုချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်
စပိန်၊ အီတလီနဲ့ အင်္ဂလန် ကလပ်အသင်းတွေဆီ ပြောင်းရွှေ့ဖို့ အလားအလာရှိနေတာကြောင့် အသက် ၂၉ နှစ်အရွယ်ကစားသမားအတွက် ရွေးချယ်စရာတွေ အများကြီးရှိနေပုံရပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ ဘရန့်ဒ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ တိကျတဲ့ဆွေးနွေးမှုမျိုးပြုလုပ်ထားတဲ့ ကလပ်အသင်း မရှိသေးပါဘူး။
သတင်းတွေရဲ့ဖော်ပြချက်အရ ဘရန့်ဒ်ဆီ ပြီးခဲ့တဲ့ဆောင်းရာသီစျေးကွက်အတွင်း ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်ခုရဲ့ကမ်းလှမ်းမှု ရှိခဲ့ပေမဲ့ ကစားသမားကိုယ်တိုင် ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအချိန်တုန်းက ကွင်းလယ်တိုက်စစ်ကစားသမားက ရာသီလက်ကျန်ပွဲစဉ်တွေကို ဒေါ့မွန်နဲ့ပဲ ဖြတ်သန်းချင်တယ်လို့ ပြောခဲ့ပါတယ်။
ဘရန့်ဒ်က အခုရာသီမှာ နီကိုကိုဗက်ရဲ့အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲကစားထားပြီး ၁၀ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှုငါးကြိမ် ပြုလုပ်ထားပါတယ်။