The network connection is lost.

Banner Image

နေရာအသစ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ဟယ်ရီကိန်း

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက မူစီယာလာမပါဝင်နိုင်တဲ့အချိန်မှာ မိမိက နောက်ကိုအနည်းငယ်ဆင်းကစားနေရတယ်လို့ ပြောကြားလိုက်ပါတယ်။
အင်္ဂလန်သားဟာ အသင်းရဲ့ကစားကွက်တည်ဆောက်မှုအပိုင်းမှာ ပါဝင်ပတ်သက်နေရတာဖြစ်ပါတယ်။ ဖရန့်ဖတ်ကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ နောက်ထပ်တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကိန်းက အခုလိုမျိုးပြောကြားလာခဲ့ပါတယ်။
အင်တာဗျူးမှာ ကိန်းက နေရာအသစ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့သလို အသင်းရဲ့ကစားကွက်တည်ဆောက်မှုအပိုင်းမှာ ပိုမိုပါဝင်ပတ်သက်ရဖွယ်ရှိနေပါတယ်။
မူလာထွက်ခွာမှုအပြင် မူစီယာလာဒဏ်ရာရနေတာကြောင့် ကိန်းဟာ နံပတ် ၁၀ နေရာကိုဆင်းကစားနေရပြီး အပြောင်းအလဲလုပ်ဆောင်နေရပါတယ်။
“မူစီယာလာကစားတဲ့နေရာနဲ့တော့ အနည်းငယ်ကွဲပြားပါတယ်။ သူက တကယ်ကောင်းတဲ့ကစားသမားဖြစ်သလို ဘောလုံးရချိန်မှာ အသင်းကိုမောင်းနှင်သလို ဖြတ်ကျော်နိုင်ပါတယ်။
ကျွန်တော်တို့ အတူတူကစားချိန်မှာ မနှစ်က အများကြီးသင်ယူလိုက်ရပါတယ်။ အဲ့တာက ကျွန်တော့်အတွက် ပိုကောင်းလာစေပါတယ်။ ကျွန်တော် အကြိမ်ရေများစွာလုပ်နိုင်နေဆဲပါ။
ကျွန်တော် နဲ့ ဂနာဘရီ ၊ အခုတော့ ကျွန်တော် နဲ့ ဂျက်ဆင်ဖြစ်လာပါပြီ။ နောက်အနည်းငယ်ဆင်းကန်ရပေမယ့် အဆင်ပြေသလို ကျွန်တော်ပိုအဆင်ပြေလာပါတယ်။
အခုအခြေအနေက အကူအညီဖြစ်ပါတယ်။ တစ်ချို့အချိန်တွေမှာ ခင်ဗျားအနေနဲ့ တိုက်စစ်မှူးအဖြစ်ကစားချိန်မှာ အလွယ်တကူပစ်မှတ်ထားခံရပါတယ်။ အဲ့လိုဆိုရင် ဂိုးသွင်းနိုင်ဖို့ဆိုတာ ခက်ခဲတတ်ပါတယ်။
ဒီနေ့ ကျွန်တော့်ဂိုးကိုကြည့်ရင်တောင် ကျွန်တော်အနည်းငယ်နောက်ကျခဲ့ပြီး ဂိုးတော့ သွင်းနိုင်ခဲ့ပါတယ်”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။
ကိန်းစတင်ရောက်စဉ်တုန်းက တိုက်စစ်မှူးတစ်ဦးတည်းအဖြစ်ကစားခဲ့ရပေမယ့် အခုနှစ်မှာတော့ ကွန်ပနီက အပြောင်းအလဲလုပ်ကာ ကိန်းက တိုက်စစ်မှူးနောက်ကနေလိုက်ကစားစေခဲ့တာဖြစ်ပါတယ်။
ပါဖို့စ်နဲ့ပွဲမှာကတည်းက ဂျက်ဆင်နောက်မှာ ကိန်းက လိုက်ကစားခဲ့ပြီး ၅ ဂိုးပြတ်နဲ့အနိုင်ရခဲ့သလို ကိန်းက ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
လက်ရှိရာသီမှာ အင်္ဂလန်သားဟာ ဘိုင်ယန်အတွက်ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁၈ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ဘိုင်ယန်ဟာ ဘွန်ဒက်စ်လီဂါ ၆ ပွဲမှာလည်း ၆ ပွဲစလုံးအနိုင်ရရှိထားခဲ့ကာ တိုက်စစ်က ၂၅ ဂိုးသွင်းယူထားပြီး ၃ ဂိုးသာ ခံစစ်က ပေးထားရပါတယ်။
မူစီယာလာတစ်ယောက် ကလပ်ကမ္ဘာ့ဖလားမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ဘိုင်ယန်အတွက် ပြဿနာဖြစ်လာနိုင်ခဲ့ပေမယ့် အခုတော့ ကိန်းက အဆိုပါနေရာကို ဖြည့်ကစားပေးနေတာဖြစ်ပါတယ်။
ကိန်းအနေနဲ့ ဒူးဒဏ်ရာသံသယရှိတာကြောင့် လာမယ့်အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။