The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ မန်စီးတီး

ဘရန့်ဖို့ဒ် ဝ-၁ မန်စီးတီး (ပွဲပြီးရလဒ်)

GTech Community ကွင်းမှာကစားခဲ့တဲ့ပွဲစဉ်အတွင်း မန်စီးတီးက လိုအပ်နေတဲ့ရလဒ်ကို ဖန်တီးကာ အဖိုးတန်အဝေးကွင်းနိုင်ပွဲတစ်ခု ရယူသွားခဲ့ပါတယ်။ မန်စီးတီးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်အစောပိုင်းမှာပဲ ဟာလန်းက သွင်းယူပေးခဲ့ပါတယ်။ တဖက်မှာလည်း ဘရန့်ဖို့ဒ်က လိုအပ်နေတဲ့ချေပဂိုးရရှိဖို့ အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ပေမဲ့ တိုက်စစ်ပိုင်းကိုဦးဆောင်လာတဲ့ အီဂေါသီယာဂိုနဲ့ ရှာဒီတို့ ပုံမှန်ခြေစွမ်းအောက်ရောက်ရှိနေလို့ ရည်မှန်းချက်တွေ မပြည့်မြောက်ခဲ့ပါဘူး။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ မန်စီးတီးက အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ အာဆင်နယ်နဲ့ သုံးမှတ်အကွာ၊ အဆင့်-၅ နေရာဆီ တက်လှမ်းလာပါတယ်။