
မော်ရင်ဟိုရဲ့ဘင်ဖီကာကို အနိုင်ယူကာ ချန်ပီယံလိဂ်မှာ နိုင်ပွဲစရခဲ့တဲ့ ချဲလ်ဆီး
ချဲလ်ဆီး ၁ - ၀ ဘင်ဖီကာ (ပွဲပြီးရလဒ်)
ဒဏ်ရာပြဿနာများနေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ နည်းပြဟောင်း မော်ရင်ဟိုနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ လိုအပ်နေတဲ့ နိုင်ပွဲကိုရယူသွားနိုင်ခဲ့ပါတယ်။
အဓိက တိုက်စစ်ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် ဂါနာချို၊ ဂျော့ချ်၊ နက်တိုနဲ့ ဘူနာနော့တီတို့ ဦးဆောင်လာတဲ့ ချံလ်ဆီးတိုက်စစ်က ဘင်ဖီကာရဲ့ လက်ဆောင်ဂိုးကြောင့် အနိုင်ဂိုး ရရှိခဲ့ပါတယ်။
မော်ရင်ဟိုက ဒုတိယပိုင်းမှာ အပြောင်းအလဲတွေလုပ်ပြီး ချဲလ်ဆီးခံစစ်ကို ဖိအားပေးခဲ့ပေမဲ့ အဆုံးသတ်အားနည်းမှုတွေကြောင့် စတန်းဖို့ဒ်ဘရစ်ချ်မှာ ရှုံးပွဲကြုံခဲ့ရပါတယ်။