The network connection is lost.

Banner Image

နောဝစ်ချ်အသင်းအမြဲတမ်းနည်းပြ ဖြစ်လာမယ်ဆိုတဲ့မှတ်ချက်တွေကို ငြင်းဆန်လိုက်တဲ့ ဝီလ်ရှီးယား

အာဆင်နယ်စတားဟောင်း ဂျက်ဝီလ်ရှီးယားက နောဝစ်ချ်အသင်းကို ယာယီကိုင်တွယ်နေပေမယ့် အမြဲတမ်းနည်းပြအဖြစ်တာဝန်ယူဖို့တော့ ငြင်းဆန်လိုက်ပါတယ်။ နည်းပြ ဟော့ဖ်အထုတ်ခံရမှုကြောင့် ဝီလ်ရှီးယားက နောဝစ်ချ်ရဲ့နောက်ဆုံး ၂ ပွဲကို ကိုင်တွယ်ခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ ၂ ပွဲမှာ ဝီလ်ရှီးယားက ၁ ပွဲသရေ ၊ ၁ ပွဲအနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အဆင့် ၁၃ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်။

အင်္ဂလန်သားဟောင်းဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာတုန်းက အာဆင်နယ်ထံကနေ နောဝစ်ချ်စီနီယာအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အမြဲတမ်းနည်းပြအဖြစ် တာဝန်ယူဖို့တော့ စိတ်မဝင်စားကြောင်း အသိပေးထားပြီးဖြစ်ပါတယ်။ “ဂျက်က အံ့ဖွယ်လူသားတစ်ဦးပါ။ သူ နဲ့ ကျွန်တော်က ကြီးမားတဲ့သမိုင်းကြောင်း ရှိခဲ့ပါတယ်။ သူက အရမ်းကောင်းတဲ့နည်းပြတစ်ဦးဖြစ်သလို ထိပ်တန်းနည်းပြဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ ဒီမှာမဖြစ်နိုင်ပါဘူး။ 

သာမန်အားဖြင့် သူစိတ်ပျက်နေပါတယ်။ သူက အရမ်းကိုမှရည်မှန်းချက်ကြီးပါတယ်။ ပြီးတော့ သူကဖြစ်လာနိုင်ချေရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လက်ရှိဘယ်နေရာမှာရှိနေလဲဆိုတာ သိရပါတယ်။ အပြင်ပိုင်းကို ကျွန်တော်တို့ အာရုံစိုက်နေပါတယ်။ စိတ်ခံစားမှုအပိုင်းအပြင် ပျော်စရာအပိုင်းလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အလုပ်က ခံစားချက်တွေကို အထုပ်ထုပ်ရမှာမဟုတ်ပါဘူး”လို့ အားကစားဒါရိုက်တာ ဘန်က ပြောကြားခဲ့ပါတယ်။

နောဝစ်ချ်အသင်းဟာ လာမယ့်ရာသီပရီးမီးယားလိဂ်ကိုတန်းပြန်တက်နိုင်ဖို့ ပစ်မှတ်ထားနေပြီး ပိုကောင်းတဲ့နည်းပြတစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ “တစ်ပတ် ၂ ပတ်လောက်အတွင်းမှာ တစ်ခုခုမျှော်လင့်နိုင်မှာမဟုတ်သလို ကျွန်တော်တို့ ရာသီကြိုမစတင်ခင် အမြဲတမ်းနည်းပြခန့်အပ်မှာပါ။ ကျွန်တော်တို့ အသင်းစွမ်းဆောင်ရည်ကို စဉ်းစားနေသလို တစ်ဦးချင်းစွမ်းဆောင်ရည်ကိုလည်း ကြည့်ရှုနေပါတယ်။ 

အဲ့နောက် ရလဒ်တွေကို ကြည့်ရပါမယ်။ အဲ့အရာတွေက မှားတဲ့ဘက်ကိုသွားနိုင်ပါတယ်။ ကျွန်တော်တို့ လိုအပ်တဲ့ပြောင်းလဲမှုတွေလုပ်ရပါမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ကြီးမားတဲ့ရည်မှန်းချက် ၊ ကြီးမားတဲ့ပစ်မှတ်ရှိနေပါတယ်”လို့ ဘန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။