The network connection is lost.

Banner Image

စပိန်ကို အနိုင်ရပြီးနောက် အင်္ဂလန်ရဲ့ ကာလရှည်ဆုဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်နိုင်မယ်လို့ တိုင်လာ ယုံကြည်နေ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ မက်ဒရစ်မြို့မှာ စပိန်ကို ၂-၃ ဂိုးဖြင့် အနိုင်ရရှိခဲတဲ့ နေးရှင်းလိဂ်ပွဲစဉ်အပြီး လက်ရွေးစင်အဆင့် ဆုဖလားအောင်မြင်မှုအတွက် ကာလရှည်စောင့်ဆိုင်းနေရမှုကို အဆုံးသတ်ဖို့ အင်္ဂလန်အသင်း အဆင်သင့်ဖြစ်နေပြီလို့ ဂန္တဝင်ဘောလုံးဝေဖန်သုံးသပ်သူ မာတင်တိုင်လာ ယုံကြည်နေပါတယ်။

အသက် ၈၁ နှစ်အရွယ်တိုင်လာက သောမတ်စ်တူချယ်ရဲ့အသင်းကို အစောပိုင်းတစ်နာရီအတွင်း အထင်ကြီးဖွယ် ကစားပြမှုအတွက် ချီးကျူးခဲ့သလို ဂိုးသမားဂျိမ်းစ်ထရက်ဖို့ဒ်ရဲ့ အရေးပါတဲ့ စွမ်းဆောင်ရည်တွေကိုလည်း အသိအမှတ်ပြု ချီးကျူးခဲ့ပါတယ်။

အင်္ဂလန်ရဲ့နိုင်ပွဲက စပိန်ရဲ့ ၄၃ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို အဆုံးသတ်စေခဲ့သလို စက်တင်ဘာလ၊ ဝင်ဘာလေကွင်းရှုံးနိမ့်မှုအတွက်လည်း လက်စားချေနိုင်ခဲ့ပါတယ်။

အင်္ဂလန်ရဲ့ပွဲစဉ် ၃၅၀ ကျော်ကို အသံလွှင့်ဝေဖန်သုံးသပ်ဖူးတဲ့ တိုင်လာက အမိမြေမှာ ကျင်းပမယ့် ယူရို ၂၀၂၈ ပြိုင်ပွဲကို အင်္ဂလန်အတွက် နောက်ထပ်အဓိကလက်ရွေးစင်အဆင့်ဆုဖလားတစ်လုံး ရယူနိုင်မယ့် ရွှေရောင်အခွင့်အလမ်းတစ်ခုအဖြစ် ယုံကြည်နေပါတယ်။

Sky Sports ဆီ တိုင်လာက "ဒါ အလွန်အထင်ကြီးစရာကောင်းတဲ့ အင်္ဂလန်ရဲ့စွမ်းဆောင်ရည်ပါပဲ။ အစောပိုင်းတစ်နာရီလုံးလုံး ပြီးပြည့်စုံလုနီးပါး ကောင်းမွန်ခဲ့ပါတယ်" လို့ ပြောပါတယ်။

"အဲဒီနောက်မှာတော့ ကစားသမားတစ်ဦးလျော့ကစားရတဲ့ ပုံမှန် ပွဲအခြေအနေမျိုး ဖြစ်သွားခဲ့ပါတယ်။ စပိန်ဘက်ကလည်း တရားမျှတစွာ ပြောရရင် အင်္ဂလန်အတွက် ဖြေရှင်းရမယ့် တကယ်အရေးပါတဲ့ မေးခွန်းထုတ်မှုတွေကို ဖန်တီးပြသသွားခဲ့ပါတယ်"

"ကျွန်တော်တို့ အိုးထရက်ဖို့ဒ် (Old Trafford) အကြောင်း အများကြီးပြောခဲ့ကြပြီးပြီ။ အခုတော့ လူငယ် ထရက်ဖို့ဒ် (Young Trafford) အကြောင်း ပြောကြရပါတော့မယ်။ ထူးချွန်တဲ့ ဂိုးသမားတစ်ဦးအဖြစ် ဂျော်ဒန်ပစ်ခ်ဖို့ဒ်ရဲ့နေရာကို အစားထိုးနိုင်မလားဆိုတာကို သူကိုယ်တိုင် သက်သေပြကြေညာလိုက်တဲ့ နေ့ရက်တစ်ခုအဖြစ် ဒါကို သတ်မှတ်သွားကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ဆိုပါတယ်။