အယ်လ်ကလက်ဆီကိုပွဲနဲ့ပတ်သက်ပြီး သူ့အမြင်ကိုထုတ်ဖော်ပြောကြားလာတဲ့ အာစင်ဝင်းဂါး
အာဆင်နယ်ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးက ရီးရဲလ်အသင်းက ဘာစီလိုနာကို ၂-၁ နဲ့အနိုင်ရပြီးနောက် လူကြီးနဲ့ကလေးကစားသမားဖြစ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အလွန်ဆိုရဲ့စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့ပြီး အခုအယ်လ်ကလက်ဆီကိုနိုင်ပွဲကြောင့် ရီးရဲလ်ဟာ လာလီဂါအမှတ်ပေးဇယားရဲ့အဆင့် ၁ နေရာမှာ ၅ မှတ်ဖြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဘာပေ နဲ့ ဘယ်လင်ဟမ်တို့ရဲ့ဂိုးတွေနဲ့အတူ ရီးရဲလ်အသင်းဟာ ပထမဆုံးအယ်လ်ကလက်ဆီကိုပွဲမှာ ၃ မှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းက ဒုတိယပိုင်းမှာ ပင်နယ်တီရခဲ့ပေမယ့် ဆက်ဇနီကာကွယ်နိုင်ခဲ့တာကြောင့် သက်သာရာရခဲ့တာဖြစ်ပါတယ်။ ဝင်းဂါးက ၂ သင်းကြား ကွာဟမှု ကိုပြောကြားခဲ့ပြီး အလွန်ဆိုလက်အောက်မှာ မက်ဒရစ်ရဲ့နည်းစနစ် နဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို ချီးကျူးခဲ့ပါတယ်။
ဘာစီလိုနာဟာ ဘောလုံးပိုင်ဆိုင်မှု ၅၂% အထိရှိခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှု ၁၃ ကြိမ်မှာ ၆ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး မက်ဒရစ်က ဂိုးပေါက်ခြိမ်းခြောက်မှု ၂၁ ကြိမ်မှာ ၉ ကြိမ်ဂိုးပေါက်တည့်ခဲ့ပါတယ်။
“အယ်လ်ကလက်ဆီကိုပွဲက လူကြီး နဲ့ ကလေးကစားသလိုဖြစ်နေပါတယ်။ မက်ဒရစ်ခံစစ်က ဘာစီလိုနာထက်သန်မာပါတယ်။ တိုက်စစ်မှာလည်း မက်ဒရစ်က ပိုထက်မြက်ပါတယ်။ သူတို့ဘောလုံးပိုင်ဆိုင်မှုအသာစီးရပေမယ့် ဂိုးသွင်းခွင့်သိပ်မရပါဘူး။ အလွန်ဆိုကို ကျွန်တော်ချီးကျူးချင်ပါတယ်။ သူကအသင်းကို မျှခြေဖြစ်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ခံစစ်လည်းအကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့သလို ပြိုင်ဘက်ကိုလည်း ဖိအားပေးထားနိုင်ပါတယ်။ ၂ ဂိုးသွင်းယူနိုင်ခဲ့နိုင်ပေမယ့် ပင်နယ်တီတော့လွဲချော်ခဲ့ပါတယ်။ သူတို့ပွဲကောင်းတစ်ပွဲကစားနိုင်ခဲ့ပါတယ်။ အခုနိုင်ပွဲနဲ့ သူတို့က ထိုက်တန်ပါတယ်”လို့ ဝင်းဂါးက ပြောကြားခဲ့ပါတယ်။
အလွန်ဆိုကလည်း ဝင်းဂါးရဲ့မှတ်ချက်နဲ့အတူ မိမိတို့အသင်းဟာ အရမ်းကိုစိတ်အားထက်သန်နေပြီး အခုရလဒ်က လိဂ်အဆင့်ရပ်တည်မှုအတွက် အရေးပါတယ်လို့ ပြောကြားခဲ့ပါတယ်။ “အဲ့တာက နိုင်ပွဲနဲ့ထိုက်တန်ပါတယ်။ တိုတောင်းခဲ့တာတောင်မှပါ။ ကျွန်တော်တို့ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့သလို ပင်နယ်တီလည်းရခဲ့ပါတယ်။ အဲ့တာက ကျွန်တော်တို့အတွက် အကူအညီဖြစ်စေပါတယ်။ အခုနိုင်ပွဲက အရေးပါပါတယ်။ ခင်ဗျားအနေနဲ့ ခင်ဗျားကိုယ်ခင်ဗျားပြောရပါမယ်။ အခုနိုင်ပွဲက ၃ မှတ်တင်မဟုတ်ပဲမဟုတ်ဘူးဆိုတာကိုပေါ့။ ကျွန်တော်တို့ ပြောဖို့စောနေသေးတယ်ဆိုတာ သိပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ခံစားချက်ကောင်းနေသလို ကောင်လေးတွေအတွက်လည်း ကျွန်တော်အရမ်းပျော်ပါတယ်။ သူတို့ဒီလိုအနိုင်ရတဲ့ခံစားချက်မျိုးလိုအပ်ပါတယ်။ စိတ်ခွန်အားကလည်း လုံးဝပြီးပြည့်စုံပါတယ်”လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။ ပွဲအတွင်းမှာလည်း အချင်းများမှုတွေရှိခဲ့ပြီး ဗင်နီတစ်ယောက် လူစားလဲချိန်မှာ တင်းမာမှုတွေရှိခဲ့တာဖြစ်ပါတယ်။
အဲ့နောက် ဘရာဇီးသားဟာ အလွန်ဆိုကိုကျော်ပြီး ထွက်သွားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ အဆိုပါအခြေအနေကြောင့် ဗင်နီတစ်ယောက် စာချုပ်သက်တမ်း ၁ နှစ်ပဲကျန်နေချိန်မှာ ညှိနှိုင်းမှုလည်း အဆင်မပြေခဲ့တာဖြစ်ပါတယ်။ စပိန်ကလာတဲ့သတင်းတွေအရ ဗင်နီ နဲ့ အသင်းကြားဆက်ဆံရေးအခြေအနေက တင်းမာမှုတွေရှိနေပြီး တကယ်လို့ မက်ဒရစ်ဘက်ကအဆင်မပြေခဲ့ရင်တော့ ရောင်းချဖွယ်ရှိနေပါတယ်။ အလွန်ဆိုက အယ်လ်ကလက်ဆီကိုပွဲအပြီးမှာ ဘာပေ နဲ့ ဘယ်လင်ဟမ်တို့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပါတယ်။