The network connection is lost.

Banner Image

ကမ္ဘာ့ဖလားအောင်ပွဲဆီ ပြင်သစ်အသင်းရောက်ရှိလာနိုင်မယ်လို့ ယုံကြည်နေပြီး အမ်ဘာပေကိုလည်း ချီးကျူးလိုက်တဲ့ အာစင်ဝင်းဂါး

အာဆင်နယ်နည်းပြဟောင်းအာစင်ဝင်ဂါးက အခုကမ္ဘာ့ဖလားပြိုင်ပွဲကို ပြင်သစ်အသင်း လွှမ်းမိုးနိုင်ပြီး အမ်ဘာပေလည်း အခုနွေရာသီမှာ ခြေစွမ်းပြသနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ပြင်သစ်အသင်းက ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ဖူးသလို ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်ကာ အာဂျင်တီးနားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ဒက်စ်ချမ့်စ်ရဲ့အသင်းက အခုနွေရာသီပြိုင်ပွဲကြီးမှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းတွေအနက် တစ်ခုအဖြစ် ပါဝင်နေပါတယ်။

Opta ရဲ့ဖော်ပြချက်အရ ပြင်သစ်အသင်းက လူစာရင်းပိုင်းအရည်အသွေးတွေနဲ့ လတ်တလောအောင်မြင်မှုတွေကြောင့် ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာဖို့ ၁၃ဒဿမ၂ ရာခိုင်နှုန်းအထိ အခွင့်အရေး ရှိနေတယ်လို့ သိရပါတယ်။

Le Figaro သတင်းဌာနနဲ့တွေ့ဆုံရာမှာ ဝင်ဂါးက သူ့ရဲ့မွေးရပ်မြေနိုင်ငံအပေါ် ယုံကြည်မှုတွေ အပြည့်အဝ ပေးအပ်ခဲ့ပြီး ချန်ပီယံဆုဆွတ်ခူးနိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။

"ကျွန်တော် သူတို့ကို အခြားအသင်းတွေထက် ပိုမိုမြင့်မားတဲ့အဆင့်အတန်းမှာ ထားပါတယ်။ ပြင်သစ်အသင်းမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီးရှိသလို ဒက်စ်ချမ့်စ်ကလည်း အတွေ့အကြုံအများကြီး ရှိပါတယ်" လို့ အာဆင်နယ်နည်းပြဟောင်းက ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ဆီမှာ တိုက်စစ်ကစားသမားတွေ အများကြီးရှိထားတာကြောင့် တိုက်စစ်ပိုင်းမှာ ဟန်ချက်မညီမှု အနည်းငယ်ဖြစ်လာနိုင်တဲ့ အန္တရာယ်တော့ ရှိပါတယ်။"

"ဒါပေမဲ့ ဒီနေ့ခေတ်ကစားသမားတွေကတော့ တိုက်စစ်ကစားသမားဖြစ်နေရင်တောင် ခံစစ်ပိုင်းကူညီကစားပေးရမယ့်ပုံစံကို ကောင်းကောင်းနားလည်ကြပါတယ်။"

"ပွဲပြီးဆုံးဖို့ မိနစ် ၂၀ အလိုအထိ ပြင်သစ်အသင်းနဲ့ ဂိုးမရှိသရေဖြစ်နေမယ်ဆိုရင် ခင်ဗျားတို့ ပွဲကို ရှုံးနိမ့်သွားပါလိမ့်မယ်။ အသင်းရဲ့အင်အားတောင့်တင်းမှုက ကွဲပြားခြားနားမှုကို ဖန်တီးပေးသွားပါလိမ့်မယ်"လို့ ဆက်ပြောခဲ့ပါတယ်။

တဖက်မှာလည်း အမ်ဘာပေက လွန်ခဲ့တဲ့လေးနှစ်၊ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှစ်ဂိုးသွင်းယူပြီး ရွှေဖိနပ်ဆုရှင်အဖြစ် အောင်ပွဲခံခဲ့ပါတယ်။ လတ်တလောမှာ အငြင်းပွားစရာအခြေအနေအချို့ရှိပေမဲ့ အာစင်ဝင်းဂါးကတော့ ပြင်သစ်အသင်းကပ္ပတိန်ကို အောင်မြင်မှုရရှိနိုင်မယ့်သူအဖြစ် ထောက်ခံပေးလိုက်ပါတယ်။

"ကျွန်တော် လောင်းကြေးထပ်ရဲပါတယ်၊ အမ်ဘာပေအတွက် တကယ်ကိုကောင်းမွန်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဖြတ်သန်းရပါလိမ့်မယ်။"

"သူက ဒီရာသီမှာ မတရားသဖြင့် မကြာခဏဝေဖန်ခြင်း ခံခဲ့ရပါတယ်။ သူက အလယ်အလတ်တန်းမှာသာရှိတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီ ရောက်ရှိသွားခဲ့တာပါ။ လက်ရှိရီးရဲလ်မက်ဒရစ်မှာ ကမ္ဘာ့အဆင့်မီ ကစားသမား သုံးဦး သို့မဟုတ် လေးဦးသာ ရှိပြီး အရင်တုန်းကတော့ ဆယ်ဦးလောက်အထိ ရှိခဲ့ပါတယ်။"

"ဘောလုံးလောကရဲ့သဘောတရားအရ အပြစ်ပုံချဖို့အတွက် တစ်စုံတစ်ယောက် အမြဲတမ်းလိုအပ်လေ့ရှိပြီး ရီးရဲလ်မက်ဒရစ်မှာ အမ်ဘာပေက အဲ့ဒီလိုပုံစံအတိုင်း ဖြစ်သွားခဲ့တာပါ။"

"အမ်ဘာပေမှာ ကောင်းမွန်တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကို ဖြတ်သန်းနိုင်ဖို့ လိုအပ်တဲ့အရည်အချင်းတွေ အပြည့်အဝ ရှိပါတယ်။ သူက ရုပ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်မှုအပြည့် ရှိနေသလို ပွဲပန်းနေတာမျိုးလည်း မရှိပါဘူး" လို့ ဝင်းဂါးက ဆိုပါတယ်။