The network connection is lost.

Banner Image

ကိန်းက မိန့်ဇ်နဲ့ပွဲမှာ ပါဝင်မှာမဟုတ်ဘူးလို့ ပြောကြားလိုက်တဲ့ ကွန်ပနီ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ကိန်းဟာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပေမယ့် စနေနေ့မှာကစားမယ့် မိန့်ဇ်နဲ့ပွဲကိုတော့ ပါဝင်နိုင်မှာမဟုတ်ပါဘူးလို့ ကွန်ပနီက အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့လက ဒေါ့မွန်နှင့် သရေကျခဲ့တဲ့ပွဲမှာ ပေါင်ဒဏ်ရာရရှိပြီးနောက် ကိန်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲကို ပါဝင်နိုင်ခြင်းမရှိပါဘူး။

လက်ရှိရာသီ ဘွန်ဒက်စ်လီဂါတွင် ဂိုးပါဝင်ပတ်သက်မှု ၁၉ ကြိမ် ရှိနေတဲ့ ကိန်းထက် သာလွန်နေတာက ဖရန့်ဖက်က အိုမာမာမွတ် အကြိမ် ၂၀ ပဲဖြစ်ပါတယ်။ ရှက်တာဒိုးနက်ကို ၅-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်ဟာစနေနေ့ပွဲစဉ်ကို ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်တွင် အဆင့် ၁၀ အထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂါနေ့မှာကစားခဲ့တဲ့ အသင်းသားတွေအားလုံးက ဒီတစ်ပတ်ရဲ့ပွဲစဉ်မှာလည်း ကစားနိုင်မှာဖြစ်ပါတယ်လို့ ကွန်ပနီက ပြောကြားထားပါတယ်။ "ကိန်းနှင့် အခြားဒဏ်ရာရ ကစားသမားတွေကတော့ မိန့်ဇ်နဲ့ပွဲမှာ ကစားနိုင်မှာ မဟုတ်ပါဘူး။ ရှက်တာဒိုးနက်နဲ့ပွဲမှာ ကစားခဲ့သူတွေအားလုံးက အဆင်သင့်ပါပဲ" လို့ ကွန်ပနီက သောကြာနေ့က သတင်းထောက်တွေကို ပြောပါတယ်။

ဘိုင်ယန်ဟာ ပယ်ဟင်ဟာ၊ အယ်လ်ဖုန်ဆိုဒေးဗိစ်၊ ဂနာဘီနှင့် ဂိုးသမား နူအာတို့ကို လက်လွှတ်ထားရမှာဖြစ်ပါတယ်။ "ဒဏ်ရာရ အနေအထားကို ပြန်ကြည့်ရမယ်ဆိုရင် အရေးကြီးပါတယ်။ လက်ရှိအချိန်အထိ ကျွန်တော်တို့က အကောင်းဆုံးလုပ်ဆောင်ထားတုန်းဖြစ်ပြီး ဒဏ်ရာရ ကစားသမားများနေတာကိုတော့ ကျွန်တော် မအံ့ဩတော့ပါဘူး"

"နွေရာသီအားလပ်ရက်မရှိပေမဲ့ ဆောင်းရာသီအားလပ်ရက်ရှိတာကြောင့် ကျွန်တော် သဘောကျမိပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ ပြန်လည်သက်သာလာစေဖို့ သေချာတဲ့ရက်တွေရရှိခဲ့ခြင်း ဖြစ်ပါတယ်" လို့ နည်းပြက ပြောပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ယခုရက်သတ္တပတ်ကို အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကနေ ၆ မှတ်ဖြတ်ကာ စတင်နိုင်မှာဖြစ်ပြီး ကွန်ပနီရဲ့ အကောင်းဆုံးရာသီစတင်မှုနှင့်အတူ ဆက်လက်လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။ ဘွန်ဒက်စ်လီဂါ ၁၃ ပွဲတွင် ၁၀ ပွဲနိုင် ၃ ပွဲသရေဖြင့် ရှုံးပွဲမရှိသေးတဲ့ ကွန်ပနီဟာ ဂွါဒီယိုလာနှင့် ဖီးလ်ကမ့်တို့ကို လိုက်မီတော့မလိုဖြစ်ခဲ့ပါတယ်။

ဂွါဒီယိုလာကတော့ ပထမဆုံး ၁၃ ပွဲကနေ ရမှတ် ၃၅ မှတ်အထိ ရရှိခဲ့ပြီး ကွန်ပနီကတော့ ၃၃ မှတ်အထိ ရရှိထားတာဖြစ်ပါတယ်။ အောက်တိုဘာလတုန်းက ကစားခဲ့တဲ့ ပိုကယ်ဖလားပွဲစဉ်မှာလည်း ဘိုင်ယန်မြူးနစ်ဟာ ယခုကစားရမယ့်ပြိုင်ဘက်ကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိထားတာဖြစ်ပြီး မိန့်ဇ်ကတော့ နောက်ဆုံးကစားထားတဲ့ ဘွန်ဒက်စ်လီဂါ ၄ ပွဲတွင် ၃ ပွဲ အနိုင်ရရှိထားပါတယ်။

ဇယားထိပ်က အသင်းများနှင့် ကစားခဲ့တဲ့ အိမ်ကွင်း နောက်ဆုံး ၃ ပွဲစလုံးကို မိန့်ဇ်က အနိုင်ရရှိထားတာဖြစ်ပြီး အဆိုပါ ၃ ပွဲစလုံးက ဘိုင်ယန်မြူးနစ်နဲ့ဖြစ်ပါတယ်။ "ကျွန်တော်တို့က ပြိုင်ဘက်ကို လေးစားရမှာဖြစ်ပြီး လွယ်ကူတဲ့ပွဲဆိုတာ မရှိဘူးလို့ သိနားလည်ထားရမှာပါ။ ကျွန်တော်တို့က အကောင်းဆုံးလုပ်ဆောင်ရမှာဖြစ်ပြီး အသင်းသားတွေအပေါ် ယုံကြည်မှုရှိပါတယ်" လို့ ကွန်ပနီက ပြောပါတယ်။