ဟယ်ရီကိန်းရဲ့ခြေကျင်းဝတ်ဒဏ်ရာ ခွဲစိတ်ကုသပြီးပြီလို့ ဘိုင်ယန်မြူးနစ် အတည်ပြု
ဟယ်ရီကိန်းက သောကြာနေ့မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားပြီးနောက် ညတွင်းချင်းပဲ ခွဲစိတ်ကုသမှုကို အောင်အောင်မြင်မြင် ခံယူခဲ့ပါတယ်။
သောကြာနေ့၊ ကိုလုံးနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်အတွင်း ဘယ်ခြေကျင်းဝတ်အရွတ်စုတ်ပြဲဒဏ်ရာ ရရှိသွားပြီးနောက် ဟယ်ရီကိန်းမပါဝင်ဘဲ ဘိုင်ယန်မြူးနစ်က လပေါင်းများစွာ ဖြတ်သန်းသွားရပါတော့မယ်။
ဂျာမနီချန်ပီယံတွေရဲ့ စနေနေ့ထုတ်ပြန်ချက်မှာ အင်္ဂလန်အသင်းခေါင်းဆောင်က သူ့ရဲ့ခြေကျင်းဝတ်အတွက် ခွဲစိတ်မှုကို ညတွင်းချင်း အောင်အောင်မြင်မြင်ခံယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုတော့ ပြန်လည်သက်သာလာစေဖို့ စတင်ကုသနေပြီဖြစ်တဲ့ ဟယ်ရီကိန်းက ကာလရှည်ပြန်လည်သန်စွမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ရင်ဆိုင်သွားရပါတော့မယ်။
ဒီသောကြာနေ့ပွဲစဉ်မှာပဲ အိုလီစီလည်း ဒဏ်ရာရရှိသွားလို့ ကွင်းပြင်ဆီ ထွက်လာခဲ့ရပေမဲ့ အခြေအနေ မဆိုးလှဘူးလို့ သိရပါတယ်။