The network connection is lost.

Banner Image

မာဆေးဆိုက်ဒါဘီမတိုင်မီ အားနိုးလ်ရဲ့ ဒဏ်ရာအခြေအနေကို ပြောကြားလိုက်တဲ့ စလော့

အင်္ဂလန်လက်ရွေးစင် အာနိုးလ်ဟာ ပေါင်ကြွက်သား ဒဏ်ရာရရှိနေပြီး အဆိုပါဒဏ်ရာကြောင့် တော့တင်ဟမ်အား အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလား နှင့် ပလိုင်းမောက်အား ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်တွေမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။
သို့သော် အဆိုပါဒဏ်ရာက ပြင်းထန်ခြင်း မရှိပါဘူး။ သူဟာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး အင်္ဂါနေ့တွင် အသင်းဖော်များနှင့်အတူ ပူးပေါင်းလေ့ကျင့်မှာ ဖြစ်ပါတယ်။

နည်းပြစလော့ကတော့ အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ကစားဖို့အတွက် အဆင်သင့်မဖြစ်သေးပါက ဗုဒ္ဓဟူးနေ့ အဲဗာတန်နှင့် ကစားမယ့်ပွဲမှာ ထည့်သွင်း အသုံးပြုသွားမှာ မဟုတ်ပါဘူး။

"ထရန့်က မနေ့က ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်း တစ်စိတ်တစ်ပိုင်း လုပ်ခဲ့ပါတယ်၊ ဒါကြောင့် ဒီနေ့မှာ သူဘယ်လိုရှိမလဲဆိုတာ ကြည့်ရပါမယ်"
"သူက ဒီနေ့လည်း ကျွန်တော်တို့နဲ့ လေ့ကျင့်မယ်လို့ မျှော်လင့်မိပါတယ်။ ပြီးရင် အဲဗာတန်နှင့်ပွဲကို ခေါ်သွားမလားဆိုတာ ဆုံးဖြတ်ရပါမယ်" လို့ စလော့က အင်္ဂါနေ့မနက်ပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့က ဟုမ်းပါ့ခ်တွင် ရှုံးနိမ့်ခဲ့တဲ့ ပွဲတွင် ဂျိုးဂိုမက်ဇ်က ဒဏ်ရာဟောင်း ပြန်ဖြစ်ခဲ့ပြီးနောက် စလော့ရဲ့ ခံစစ်မှာ ရွေးချယ်စရာ ကစားသမား နည်းပါးသွားခဲ့ပါတယ်။
"ဂျိုးက ဒဏ်ရာဟောင်းဖြစ်တဲ့ ခြေထောက်ပဲ ပြန်ဖြစ်တာပါ။ ဒါကြောင့် ကျွန်တော်တို့ အခုထိ စစ်ဆေးနေတုန်းပါ ဒါပေမယ့် သူက မနက်ဖြန်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး ဒါက စိုးရိမ်စရာပါ" လို့ စလော့က ပြောကြားခဲ့ပါတယ်။ လီဗာပူးရှိ အခြားသော ကစားသမားတွေကတော့ ကြံ့ခိုင်နေပြီး ပလိုင်းမောက်နှင့်ပွဲမှာ မပါဝင်ခဲ့သူတွေကတော့ ပရီးမီးယားလိဂ်ပွဲတွင် ပြန်လည်ကစားရန် အသင့်ရှိနေပါတယ်။

ဆာလက်၊ ဂတ်ပို၊ ဂရာဗန်ဘက်ချ်၊ ဆိုဘိုစလိုင်း၊ ဗန်ဒိုက်၊ အလီဆင်၊ ကိုနာတေ နှင့် ရော်ဘတ်ဆင်တို့က တနင်္ဂနွေနေ့က ပွဲစဉ်တွင် ပါဝင်ခြင်းမရှိဘဲ ဒါဘီပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားမှာဖြစ်ပါတယ်။ ပလိုင်းမောက်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲနှင့် ပတ်သက်ပြီး စလော့က အပြုသဘောဆောင်တဲ့ဘက်နေ မမြင်မိဘဲ ဒဏ်ရာနှင့် ဖျားနာတဲ့ ကိစ္စများရှိခဲ့တဲ့အပေါ် ညည်းညူပြောကြားခဲ့ပါတယ်။

"ဘောလုံးပွဲရှုံးတာကနေ ကောင်းတဲ့အရာ ဘာမှမရနိုင်ဘူးလို့ ပြောခဲ့တဲ့ ပညာရှိတစ်ယောက် ရှိခဲ့ပါတယ် ဒါကို ကျွန်တော်လည်း သဘောတူတယ်"
"ကျွန်တော်တို့က ၁၈ ရက်အတွင်း ၆ ပွဲ၊ ၂၁ ရက်အတွင်း ၇ ပွဲ၊ ၂၄ ရက်အတွင်း ၈ ပွဲ ကစားဖို့ ပြင်ဆင်ထားခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ပွဲစဉ်ဇယားပါ။ အခု ဒီပွဲရှုံးလိုက်တဲ့အတွက် ပုံမှန်ရက်သတ္တပတ်တစ်ပတ် ရှိလာမယ်။ ဒါပေမယ့် အဲ့ဒီအရာက ပလိုင်းမောက်ကို သွားတုန်းက ကျွန်တော်တို့ မျှော်လင့်ထားတာ မဟုတ်ပါဘူး"

"ဒါက ခက်ခဲပါတယ် အစီအစဉ်က ဂျိုးကို မိနစ် ၆၀ ဒါမှမဟုတ် ပိုကစားခိုင်းဖို့ ဖြစ်ခဲ့ပါတယ်။ ကာတစ်ဂျုံးစ် ကို ပွဲထွက်ကစားခိုင်းဖို့ စီစဉ်ထားခဲ့ပေမယ့် သူက ကစားဖို့အတွက် ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် ရုတ်တရက် အရေးကြီးတဲ့ ကစားသမားနှစ်ယောက် ဆုံးရှုံးသွားခဲ့ရပါတယ်။ နူနက်ဇ်ရဲ့ အခြေအနေကို လူတွေသိကြပါတယ်။ 

သူက ပွဲမတိုင်မီ တစ်ရက် (သို့) နှစ်ရက်လောက်ကပဲ ဖခင်တစ်ဦးဖြစ်လာခဲ့ပြီး ဒါက စပိန်မှာ ဖြစ်ခဲ့တာကြောင့် သူက နည်းနည်းနောက်ကျပြီးမှ ရောက်လာပါတယ်"
"ပလိုင်းမောက်နဲ့ပတ်သက်လာရင် အကောင်းဆုံးအခြေအနေတွေ မရှိခဲ့ပါဘူး။ ပိုအားကောင်းတဲ့အသင်းနဲ့ ကစားဖို့ စိတ်ကူးရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအသင်းက ဒီပွဲကို အနိုင်ရသင့်ပါတယ်။ ပီအက်စ်ဗွီနဲ့ပွဲမှာလည်း ကောင်းကောင်းမလုပ်နိုင်ခဲ့တာကြောင့် ဒီပွဲတွေကနေ အကောင်းဆုံးရဖို့ လိုအပ်တယ်ဆိုတာ ပြောနေတာပါ"
"သူတို့ကို ပွဲတွေ မကစားရရင် အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ အရမ်းခက်ပါတယ် ဒါကြောင့် သူတို့အတွက် စိတ်ပျက်စရာပါ" လို့ သူက ပြောကြားခဲ့ပါတယ်။