ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိတဲ့ လီဗာပူးနောက်ခံလူဂျိုးဂိုးမက်ဇ်
အမေရိကန်ရာသီကြိုခရီးစဉ်အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တွေကို ဂျိုးဂိုးမက်ဇ် လွဲချော်ဖွယ်ရှိနေလို့ လီဗာပူးအသင်းအတွက် အကြီးအကျယ်ထိုးနှက်ချက်တစ်ရပ် ဖြစ်လာပါတယ်။
ကစားသမားဘဝသက်တမ်းတလျှောက် ဒဏ်ရာပြဿနာတွေနဲ့အတူ မကြာခဏရုန်းကန်ခဲ့ရတဲ့ အသက် ၂၉ နှစ်အရွယ်ကစားသမားက ဇူလိုင် ၂၅ ရက်၊ ဆန်းဒါးလန်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲစဉ်ရဲ့ ပွဲချိန် ၁၀ မိနစ်မှာတင် ဒဏ်ရာပြဿနာနဲ့အတူ ကွင်းတွင်းမှ ထွက်ခွာသွားပါတယ်။
The Athletic ရဲ့ဖော်ပြချက်အရ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အချို့ကို ဂျိုးဂိုးမက်ဇ် လွဲချော်ဖွယ်ရှိနေလို့ လီဗာပူးအသင်းအတွက် အသုံးပြုနိုင်မယ့် ဗဟိုနောက်ခံလူ ရှားပါးသွားပြီလို့ သိရပါတယ်။
အသင်းခေါင်းဆောင်ဗန်ဒိုက်ကတော့ အခုသီတင်းပတ်၊ မာဆေးဆိုဒ်မှာ ရာသီကြိုလေ့ကျင့်ရေး ပြန်စတင်ဖို့ ရှိသလို ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ထားရလို့ အသင်းရဲ့ရာသီကြိုခရီးစဉ်ဆီ မလိုက်ပါနိုင်ခဲ့ပါဘူး။
ကစားသမားသစ်ဂျရမီဂျက်ကွက်လည်း ကြံ့ခိုင်မှုပြန်လည်တည်ဆောက်နေရဆဲ ဖြစ်ပြီး ခြေစမ်းပွဲစဉ်တွေမှာ မပါဝင်နိုင်သလို လီယိုနီကလည်း ဒူးဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားရာမှ နလန်ထူစအဆင့်ပဲ ရှိပါသေးတယ်။
ဒါကြောင့် နည်းပြသစ်အီရာအိုလာအတွက်တော့ လက်ရှိအသုံးပြုနိုင်တဲ့ ဗဟိုနောက်ခံလူအဖြစ် အန်ဒူကွီနဲ့ တယ်လာအန်ဒီယာရီတို့ပဲ ကျန်ရှိပါတော့တယ်။