The network connection is lost.

Banner Image

မန်ချက်စတာယူနိုက်တက်ဆီ ပိုချက်တီနို ပြောင်းရွှေ့မယ့် သတင်းတွေအပေါ် တုံ့ပြန်လာတဲ့ အမေရိကန်ကြယ်ပွင့်

နည်းပြပိုချက်တီနိုနဲ့ မန်ချက်စတာယူနိုက်တက်တို့အကြား သတင်းတွေထွက်ပေါ်နေပေမဲ့ ဒီအခြေအနေအပေါ် အမေရိကန်လက်ရွေးစင်နဲ့ ဖူလ်ဟမ်နောက်ခံလူ ရော်ဘင်ဆင်က တုံ့ပြန်လာပါတယ်။

နှစ် ၄၀ တာကာလအတွင်း ကလပ်အသင်းအတွက် အဆိုးရွားဆုံးဘောလုံးရာသီသစ်စတင်မှုမှတ်တမ်း ထွက်ပေါ်လာပြီးနောက် မန်ချက်စတာယူနိုက်တက်မှာ မိုက်ကယ်ကာရစ် ထုတ်ပယ်ခံရတော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆု ၁၃ ကြိမ်အထိရရှိထားတဲ့ အသင်းကြီးက ရာသီအဖွင့် ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိပြီး ရမှတ် ၈ မှတ်နဲ့အတူ အမှတ်ပေးဇယားအဆင့်-၁၈ နေရာဆီ ရောက်ရှိနေပါတယ်။

ကာရစ်ရဲ့နေရာ အစားထိုးဝင်ရောက်လာနိုင်သူတွေအဖြစ် ကွန်တီ၊ အက်ဒီဟိုဝီနဲ့ နာဂယ်စ်မန်းတို့ သီတင်းပတ်ပေါင်းများစွာ ရေပန်းစားခဲ့ပါတယ်။

ဒါပေမဲ့ လတ်တလောမှာတော့ ပိုချက်တီနိုက သူတို့အားလုံးကို ကျော်ဖြတ်သွားပြီး ကာရစ်ရဲ့နေရာအစားထိုးဖို့ ရေပန်းအစားဆုံးသူ ဖြစ်လာပါတယ်။

လက်ရှိမှာ ပိုချက်တီနိုနဲ့အတူ အမေရိကန်လက်ရွေးစင်အသင်းမှာ ရှိနေတဲ့ အသက် ၂၉ နှစ်အရွယ် ရော်ဘင်ဆင်က ဒီအခြေအနေနဲ့ပတ်သက်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ရော်ဘင်ဆင်က "ကျွန်တော်တစ်ဦးတည်းအမြင်အရတော့ အခြားအသင်းတွေနဲ့ ပိုချက်တီနို သတင်းထွက်နေတာကို ကြည့်ပြီး 'ဪ... ဒါက ငါတို့ရှေ့မှာ သူ ရှိနေမယ့် နောက်ဆုံးအကြိမ် ဖြစ်နိုင်တယ်' ဆိုတဲ့ အတွေးမျိုး ကျွန်တော့်မှာ မရှိပါဘူး"

"သီတင်းပတ်ကုန်မှာ ကျွန်တော်တို့ရဲ့ပွဲစဉ်ကစားဖို့ ရှိနေတယ်ဆိုတာကိုပဲ အာရုံစိုက်ထားပြီး တခြားတစ်စုံတစ်ရာ မပြောမချင်းတော့ သူ့အတွက် ကစားပေးဖို့နဲ့ သူ ကစားစေချင်တဲ့ ပုံစံအတိုင်း ကစားနိုင်ဖို့ ကျွန်တော့်ဘက်က အစွမ်းကုန် အသင့်ပြင်ဆင်ထားပါတယ်"

"အခြေအနေတွေ မပြောင်းလဲမချင်း လက်ရှိရှိနေတဲ့ အရာတွေနဲ့ပဲ ရှေ့ဆက်လုပ်သွားရပါမယ်။ ရိုးရိုးသားသားပြောရရင် ဒါက ကျွန်တော်တို့အသင်းအပေါ် သက်ရောက်မှု ရှိမယ်လို့ မထင်ပါဘူး" လို့ ဆိုပါတယ်။