ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀အနာဂတ်နဲ့ ပတ်သက်လို့ ဇန်နဝါရီဆုံးဖြတ်ချက်ကို ချမှတ်လိုက်တဲ့ အာနိုးလ်
လာမယ့်ဇန်နဝါရီလမှာ အသင်းမှ ထွက်ခွာခွင့်ရရှိဖို့အတွက် ရီးရဲလ်မက်ဒရစ်ကို အာနိုးလ် တောင်းဆိုတိုက်တွန်းသွားဖို့ မရှိသေးပါဘူး။
ဒီအင်္ဂလန်လက်ရွေးစင်ကစားသမားက အခုဘောလုံးရာသီ၊ လာလီဂါပြိုင်ပွဲမှာ လေးပွဲသာ ပွဲထွက်ခွင့်ရရှိထားပြီး မက်ဒရစ်မှာ သူ့ရဲ့ရေရှည်အနာဂတ်နဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ရှိလာခဲ့ပါတယ်။
ဟိုဆေးမော်ရင်ဟိုက သူ့ကို အကန့်အသတ်နဲ့သာ အသုံးပြုနေလို့ သူ မျှော်လင့်ထားသလောက် အကျိုးသက်ရောက်မှု မဖန်တီးနိုင်သေးဘဲ ၂၀၂၅ ခုနှစ်၊ လီဗာပူးမှ ထွက်ခွာခဲ့တဲ့ သူ့ရဲ့ရဲရင့်တဲ့ ဆုံးဖြတ်ချက်အပေါ် စိစစ်စောင့်ကြည့်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အန်းဖီးလ်ဆီ မထင်မှတ်ဘဲ ပြန်လည်ရောက်ရှိလာမယ့် သတင်းတွေအပြင် ချဲလ်ဆီးမှာ ဇာဘီအလွန်ဆိုနဲ့ ပြန်လည်လက်တွဲဖွယ် ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမဲ့ ရာသီဝက်အပြောင်းအရွှေ့ဈေးကွက်မှာတော့ ဒီနှစ်ခုစလုံး ဖြစ်လာနိုင်စရာ မရှိသေးပါဘူး။
မော်ရင်ဟိုရဲ့ညာနောက်ခံလူဦးစားပေးစာရင်းမှာ ဒမ်ဖရီးစ်နဲ့ အသင်းခေါင်းဆောင်ဗယ်လ်ဗာဒီတို့ရှိနေတယ်လို့ အသက် ၂၈ နှစ်အရွယ်ကစားသမား သိရှိထားပေမဲ့ သူ့ရဲ့နေရာအတွက် ကြိုးစားတိုက်ပွဲဝင်ရန် လာမယ့်လအနည်းငယ်အထိ အချိန်ပေးသွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
အကယ်၍ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီကုန်ဆုံးချိန် အသင်းပြောင်းရွှေ့မယ်ဆိုရင် စာချုပ်သက်တမ်းလည်း သုံးနှစ်လောက်ကျန်ရရှိနေသေးလို့ ရီးရဲလ်မက်ဒရစ်က အာနိုးလ်အတွက် ပေါင်သန်း ၆၀ ဝန်းကျင်အထိ တောင်းဆိုသွားနိုင်ပါတယ်။