The network connection is lost.

Banner Image

အလီဆင်ရဲ့နေရာမှာ အစားထိုးဖို့ ပရီးမီးယားလိဂ်ဂိုးသမားနှစ်ဦးကို လီဗာပူး စောင့်ကြည့်နေ

လီဗာပူးအသင်းက အလီဆင်ရဲ့နေရာမှာ အစားထိုးဝင်ရောက်နိုင်မယ့် ပရီးမီးယားလိဂ်ဂိုးသမားနှစ်ဦးကို စောင့်ကြည့်လေ့လာနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အသက် ၃၄ နှစ်အရွယ်ဂိုးသမားရဲ့ အန်းဖီးလ်စာချုပ်က အခုဘောလုံးရာသီကုန်ဆုံးချိန်၊ သက်တမ်းပြည့်မြောက်ဖို့ ရှိနေပေမဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

မကြာသေးမီကပဲ အလီဆင်က ကလပ်အသင်းမှာ ဆက်နေလိုတဲ့ သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပြီး "ဟုတ်ပါတယ်၊ ကျွန်တော် ဆက်နေချင်ပါတယ်။ ပွဲတိုင်း ကစားနိုင်ဖို့ပဲ အာရုံစိုက်ထားပေမဲ့ ကျွန်တော့်စိတ်ထဲမှာတော့ ဆက်ရှိနေရမယ်ဆိုရင် ပျော်ရွှင်မိပါလိမ့်မယ်"

"ဒါက ရှုထောင့်များစွာနဲ့ အခြေအနေအမျိုးမျိုးအပေါ်မှာလည်း မူတည်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ဆန္ဒကတော့ ဆက်နေဖို့ပါပဲ။ ကျွန်တော် ဒီမှာ ပျော်ရွှင်သလို ကျွန်တော့်ရဲ့ မိသားစုလည်း ပျော်ရွှင်ပါတယ်"

"ဆုဖလားတွေ ရယူဖို့နဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့အတွက် ကျွန်တော့်မှာ ဆာလောင်စိတ် ရှိနေဆဲပါပဲ။ ထိပ်တန်းအဆင့်မှာ အတက်နိုင်ဆုံး ဆက်ကစားချင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း TeamTalk ရဲ့ဖော်ပြချက်အရ လီဗာပူးက အလီဆင်မရှိတော့မယ့် အနာဂတ်အတွက် အမှန်တကယ် ကြိုတင်ပြင်ဆင်နေပြီး အထူးသဖြင့် ပရီးမီးယားလိဂ်ဂိုးသမားနှစ်ဦးကို အလွန်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဘရိုက်တန်ရဲ့ဗာဗရတ်ဂန်ကို အဓိကဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားပေမဲ့ အက်စတွန်ဗီလာရဲ့ဆူဇူကီးကိုလည်း လီဗာပူးက စောင့်ကြည့်နေပါတယ်။

ဗာဗရတ်ဂန်က အေမက်စ်အားကစားကွင်းမှာ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေလို့ ပြီးခဲ့တဲ့နွေရာသီကာလအတွင်း အက်စတွန်ဗီလာဆီ ရောက်ရှိလာတဲ့ ဆူဇူကီးထက်စာရင် လာမယ့်နွေရာသီမှာ သူ့ကို ခေါ်ယူဖို့ဆိုတာ ပိုမိုလွယ်ကူနိုင်ပါတယ်။