The network connection is lost.

Banner Image

ဆော်ဒီပရိုလိဂ်မှထွက်ခွာဖို့ လမ်းစပွင့်နေတဲ့ ဒါဝင်နူနက်ဇ်

လီဗာပူးလ်ကြယ်ပွင့်ဟောင်းဒါဝင်နူနက်ဇ်က လာမယ့်သီတင်းပတ်တွေအတွင်း ဆော်ဒီထိပ်သီးကလပ် အယ်လ်ဟီလယ်မှ ထွက်ခွာသွားဖို့ ရှိနေပါတယ်။

ဒါဝင်နူနက်ဇက်က ပြီးခဲ့တဲ့နွေရာသီ၊ လီဗာပူးမှ ယူရို ၅၃ သန်းဖြင့် အယ်လ်ဟီလယ်ဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။ တဖက်မှာလည်း လီဗာပူးက သူ့ကိုရောင်းချလိုက်ရတဲ့ ပြောင်းရွှေ့ကြေးဖြင့် အီကီတီကီ၊ အီဆက်တို့ကို ခေါ်ယူနိုင်ဖို့ အဆင်ပြေသွားပါတယ်။

ဒါပေမဲ့ အသက် ၂၇ နှစ်အရွယ်တိုက်စစ်မှူးက အရှေ့အလယ်ပိုင်း၊ ဗွေဆော်ဦးဘောလုံးရာသီအတွင်း ကိုးဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ လတ်တလောမှာတော့ အဆင်အပြေဖြစ်နေပါတယ်။

အယ်လ်ဟီလယ်အသင်းဆီ အယ်လ်အစ်တီဟတ်မှ ဘန်ဇီမာ ရောက်ရှိလာပြီးနောက် နိုင်ငံခြားသားကစားသမားကန့်သတ်ချက်စည်းမျဉ်းတွေကြောင့် နူနက်ဇ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာပဲ လိဂ်ကစားသမားစာရင်းမှ ပယ်ဖျက်လိုက်ပါတယ်။

အခုတော့ ဒါဝင်နူနက်ဇ်လည်း ပွဲကစားချိန်မရရှိနိုင်မယ့်ကိစ္စကြောင့် အသင်းမှထွက်ခွာခွင့် တောင်းဆိုနိုင်ပါတယ်။ လက်ရှိမှာ အမေရိကန်မေဂျာလိဂ်ကလပ်အသင်း အတ္တလန်တာယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရ လာမယ့်လမှာ ကမ်းလှမ်းမှု လုပ်လာနိုင်ပေမဲ့ အတ္တလန်တာအသင်းဘက်ကလည်း သူတို့ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင် အီမန်နျူရယ်လတ်တီလပ်တ်ကို အရင်ရောင်းထုတ်ပြီးမှသာ နူနက်ဇ်အတွက် နေရာလွတ်ရှိလာမယ်လို့ သိရပါတယ်။

နူနက်ဇ်ရဲ့စာချုပ်သက်တမ်းက ၂၀၂၈ ခုနှစ်အထိ ရှိနေလို့ အယ်လ်ဟီလယ်ဘက်က ပြောင်းရွှေ့ကြေးတောင်းယူသွားမယ်ဆိုတာ သေချာသလောက်ပါပဲ။ ဒါပေမဲ့ သူတို့က လွန်ခဲ့တဲ့တစ်နှစ်တာကာလကမှ လီဗာပူးဆီ ပေးချေခဲ့ရတဲ့နှုန်းထားရဲ့ထက်ဝက်စျေးလောက်နဲ့သာ နူနက်ဇ်အတွက် တောင်းဆိုသွားနိုင်ပါတယ်။