The network connection is lost.

Banner Image

မေဂျာလိဂ်က ဒီဘရိုင်းအတွက် ပြီးပြည့်စုံတဲ့ အဆုံးသတ်ဖြစ်လိမ့်မယ်လို့ဆိုလာတဲ့ ဂယ်ရီနဗီးလ်

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ရာသီကုန်မှာ မန်စီးတီးကနေထွက်ခွာသွားမယ့် ကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းအတွက် မေဂျာလိဂ်ဟာ ပြီးပြည့်စုံတဲ့ အဆုံးသတ်ဖြစ်လာနိုင်ကြောင်း အကြံပေးပြောကြားလာခဲ့ပါတယ်။ 

ဒီဘရိုင်းဟာ ယခုနှစ်ရာသီအကုန်မှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်သလို အသင်းကနေထွက်ခွာသွားမှာဖြစ်ကြောင်း တရားဝင်အသိပေးပြောကြားထားပြီးဖြစ်ပါတယ်။ ကောလာဟလတွေအရ ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ မန်စီးတီးမှထွက်ခွာပါက ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့သိရပေမယ့် ယခုအခါမှာတော့ ကစားသမားဟာ မေဂျာလိဂ်သို့ ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့သိရပါတယ်။ 

ယခုအခါမှာ ဂယ်ရီနဗီးလ်ကလည်း "ကျွန်တော့်အမြင်မှာတော့ မေဂျာလိဂ်က ဒီဘရိုင်းအတွက် ပြီးပြည့်စုံတဲ့လိဂ်တစ်ခုဖြစ်လာမှာပါ။ အမေရိကက သူ့အတွက် သင့်တော်ပါတယ်။ အင်တာမီယာမီအနေနဲ့ သူ့ကိုကမ်းလှမ်းလာခဲ့ရင် သဘောတူလိုက်သင့်ပါတယ်။ မေဂျာလိဂ်က သူ့ရဲ့ကစားသမားဘဝကိုအဆုံးသတ်ဖို့အကောင်းဆုံးပါပဲ။ သူ့အတွက် ပြီးပြည့်စုံတဲ့ လိဂ်ဖြစ်လာမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ဒီဘရိုင်းအနေနဲ့ မေဂျာလိဂ်သို့ပြောင်းရွှေ့မယ်ဆိုပါက အင်တာမီယာမီသို့သာရောက်ရှိဖို့ အနီးစပ်ဆုံးဖြစ်နေပါတယ်။ လီယွန်နယ်မက်ဆီ၊ လူးဝစ်ဆွာရက်ဇ်နဲ့ ဆာဂျီယိုဘက်စ်ကွက်တို့ကိုခေါ်ယူထားနိုင်တဲ့ အင်တာမီယာမီအနေနဲ့ ဒီဘရိုင်းကလည်း ခေါ်ယူနိုင်ဖို့ကြိုးစားလာဖွယ်ရှိပါတယ်။