The network connection is lost.

Banner Image

ဘယ်လ်ဂျီယံအတွဲ ဒီဘရိုင်းနဲ့ လူကာကူတို့ကို သတိပေးစကားဆိုလာတဲ့ နာပိုလီဥက္ကဋ္ဌဒီလော်ရန်တစ်

နာပိုလီဥက္ကဋ္ဌဒီလော်ရန်တစ်က ဘယ်လ်ဂျီယံအတွဲအဖက်တွေဖြစ်တဲ့ ဒီဘရိုင်းနဲ့ လူကာကူတို့ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ပြင်းထန်တဲ့ သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ဒီဘရိုင်းနဲ့ အသက် ၃၃ နှစ်အရွယ် လူကာကူတို့တို့ရဲ့ ပြုမူနေထိုင်ပုံတွေအပေါ် ဒီလော်ရန်တစ်က မကျေမနပ်ဖြစ်နေပြီး ဒီကစားသမားနှစ်ဦးရဲ့နာပိုလီကစားသမားအနာဂတ် မရေမရာအခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မကြာသေးမီပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုအတွင်း ဒီဘရိုင်းနားက နည်းပြဟောင်းကွန်တီအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး သူတို့ရဲ့ကစားဟန်နဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေ ပျက်ပြားခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

လူကာကူကတော့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီရဲ့ နောက်ဆုံးနိုင်ငံတကာရက်သတ္တပတ်အားလပ်ရက်အတွင်း လေ့ကျင့်ရေးဆင်းဖို့ ပျက်ကွက်ခဲ့လို့ အရေးယူခံခဲ့ရဖူးပါတယ်။

ကြာသပတေးနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဒီလော်ရန်တစ်က အသင်းမှာမပျော်ရွှင်တဲ့ကစားသမားတိုင်း အသင်းမှ လွတ်လပ်စွာ ထွက်ခွာနိုင်တယ်လို့ ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။

ဒီကစားသမားနှစ်ဦးရဲ့မှတ်ချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒီလော်ရန်တစ်က "သူတို့ရဲ့ ထုတ်ပြန်ချက်တွေက ခံယူချက်အမြင်ပေါ် မူတည်ပြီး လက်ခံနိုင်စရာ သို့မဟုတ် လက်မခံနိုင်စရာ ကိစ္စမျိုး ဖြစ်နိုင်ပါတယ်" လို့ တုံ့ပြန်ခဲ့ပါတယ်။

"ကျွန်တော်တို့ အလုပ်ပြန်စတဲ့အခါ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ နည်းပြသစ်က ဒီအပေါ် ဘယ်လိုယူဆမလဲဆိုတာလည်း စောင့်ကြည့်ရပါလိမ့်မယ်။ တကယ်လို့ တစ်ဦးဦးထွက်သွားရမယ်ဆိုရင်လည်း ထွက်သွားရပါမယ်၊ ဘာပြဿနာရှိလို့လဲ။ ကမ္ဘာပေါ်မှာ ဘောလုံးသမားတွေ အများကြီးရှိပါတယ်" လို့ ဆိုပါတယ်။