The network connection is lost.

Banner Image

ကန်ဆယ်လိုကို ဘာကြောင့် ပြန်လည်ခေါ်ယူခဲ့သလဲရှင်းပြလာတဲ့ ဖလစ်ခ်

ဘာစီလိုနာနည်းပြဟန်ဆီဖလစ်ခ်က ယခုဇန်နဝါရီမှာ အသင်းရဲ့ကစားသမားဟောင်း ဂျာအိုကန်ဆယ်လိုကို ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်မှ အငှားနဲ့ပြန်လည်ခေါ်ယူပြီးနောက် ဘာကြောင့် ခေါ်ယူခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရီးရဲလ်ဆိုစီဒက်နဲ့ပွဲစဉ်မှာ ဘာစီလိုနာဟာ အခွင့်အရေးတွေအများအပြားဖန်တီးနိုင်ပြီး ၅ ဂိုး ၆ ဂိုးလောက်အထိသွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ၂-၁ နဲ့အရေးနိမ့်ခဲ့ပါတယ်။ ဘာစီလိုနာဟာ တိုက်စစ်ပိုင်းမှာ အခွင့်အရေးတွေဖန်တီးနိုင်ပေမယ့် အဆုံးသတ်ပိုင်းမသေချာမှုတွေကြောင့် ၁ ဂိုးနဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ 

ယခုပွဲစဉ်မှာ ကန်ဆယ်လိုဟာ ဘာစီလိုနာအတွက် လူစားဝင်ကစားသမားအဖြစ် ပထမဆုံးအကြိမ်ဝင်ရောက်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ ကန်ဆယ်လိုကိုဘာကြောင့် ခေါ်ယူခဲ့သလဲဆိုတဲ့မေးခွန်းကို ဖလစ်ခ်က "သူက တောင်ပံနှစ်ဖက်စလုံးမှာကစားနိုင်ပါတယ်။ ဒါကြောင့်ပဲ သူ့ကိုခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ" လို့ဖြေကြားခဲ့ပါတယ်။ 

ကန်ဆယ်လိုအနေနဲ့ ဘာစီလိုနာအတွက် ဒုတိယအကြိမ်ပွဲဦးထွက်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အသင်းရဲ့ကစားဟန်နဲ့အသားကျဖို့အတွက်တော့ အချိန်ပေးဖို့လိုအပ်နေပါသေးတယ်။ ကစားသမားဟာ ယခုရာသီအတွင်း အယ်လ်ဟီလယ်မှာပွဲထွက်ခွင့်နည်းပါးခဲ့တာကြောင့် ဘာစီလိုနာသို့ပြန်လည်ရောက်ရှိချိန်မှာလည်း ပုံမှန်ခြေစွမ်းပြဖို့တော့ အချိန်ပေးရဦးမှာဖြစ်ပါတယ်။
 
လာမယ့်ကြားရက်အတွင်းမှာ ဘာစီလိုနာဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဆလားဗီးယားနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ကန်ဆယ်လိုအနေနဲ့ အဆိုပါပွဲစဉ်မှာ ဆက်လက်ပါဝင်ခွင့်ရမလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။