
ဘုန်းမောက်တောင်ပံကြယ်ပွင့် ဆီမီညိုကို ပစ်မှတ်ထားလာတဲ့ တော့တင်ဟမ်
တော့တင်ဟမ်ဟာ ဘရန့်ဖို့ဒ်တောင်ပံကစားသမား ဘရိုင်ယန်အမ်ဘွေမိုကို မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် ချိတ်ဆက်မှုတွေပြုလုပ်နေပေမယ့် တစ်ဖက်မှာလည်း ဘုန်းမောက်ကြယ်ပွင့် အန်တိုနီဆီမီညိုကိုပါ ပစ်မှတထားစောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
နည်းပြသစ် သောမတ်စ်ဖရန့်ခ်ရဲ့ဦးဆောင်မှုနဲ့အတူ တော့တင်ဟမ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းကို သွေးသစ်လောင်းဖို့ ကစားသမားသစ်တွေခေါ်ယူသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက တော့တင်ဟမ်ဟာ နည်းပြအန်ဂျီပိုစတီကိုဂလူရဲ့ ဦးဆောင်မှုနဲ့အတူ ယူရိုပါလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဖရန့်ခ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ကာ အောင်မြင်မှုတွေဆက်လက်ရှာဖွေဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
အသင်းရဲ့တိုက်စစ်ပိုင်းကစားသမားတွေဖြစ်တဲ့ တီမိုဝါနာနဲ့ ရစ်ချာလီဆန်တို့က ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတာကြောင့် တော့တင်ဟမ်အနေနဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာတော့ တိုက်စစ်ပိုင်းကို အဓိကအင်အားမြှင့်တင်ဖို့ အာရုံစိုက်နေတာဖြစ်ပါတယ်။ သတင်းတွေအရတော့ ဘုန်းမောက်ဟာ ဆီမီညိုအတွက်ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၇၀ အထိသတ်မှတ်ထားတယ်လို့သိရပါတယ်။
နောက်ထပ်ပစ်မှတ်တစ်ခုအနေနဲ့ တော့တင်ဟမ်ဟာ နည်းပြဖရန့်ခ်ရဲ့ဦးဆောင်မှုနဲ့အတူ ဘရန့်ဖို့ဒ်ကြယ်ပွင့်အမ်ဘွေမိုကိုလည်း ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။ သို့သော်လည်း သတင်းတွေအရ အမ်ဘွေမိုဟာ အိုးလ်ထရက်ဖို့ဒ်သို့သာပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် တော့တင်ဟမ်အနေနဲ့ အမိအရခေါ်ယူသွားနိုင်ပါ့မလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
တော့တင်ဟမ်အနေနဲ့ အမ်ဘွေမိုကိုခေါ်ယူနိုင်ပါက ဆီမီညိုကို လက်လွှတ်သွားနိုင်ချေရှိမရှိကိုတော့ သေသေချာချာ မသိရှိရသေးပါဘူး။ သို့သော်လည်း နည်းပြဖရန့်ခ်အနေနဲ့ကတော့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေမှာ ကစားသမားသစ်တွေနဲ့ အမြန်ဆုံး ပူးပေါင်းသွားနိုင်ဖို့ အလိုရှိနေပါတယ်။