The network connection is lost.

Banner Image

ရိုဂျာစ်ကို လက်လွှတ်လိုက်ရပြီးနောက် လိုက်ပ်ဇစ်ကြယ်ပွင့်ဒီအိုမန်ဒီကို ခေါ်ယူဖို့ အာဆင်နယ်လည်း စိတ်ဝင်စားလာ

ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ မော်ဂန်ရိုဂျာစ် ဆုံးဖြတ်ခဲ့ပြီးနောက် အာဆင်နယ်အသင်းက ဒီအိုမန်ဒီကိုခေါ်ယူဖို့အတွက် လီဗာပူး၊ ပီအက်စ်ဂျီတို့နဲ့အတူ အပြိုင်အဆိုင် ဖြစ်လာပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၄ နှစ်အရွယ်အင်္ဂလန်လက်ရွေးစင်ကစားသမားရိုဂျာစ်ကို အခုနွေရာသီမှာ အာဆင်နယ်နဲ့ ပူးပေါင်းမယ်လို့ လူတိုင်း မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ ရိုဂျာစ်က စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၁၇ သန်းဖြင့် ချဲလ်ဆီးဆီပြောင်းရွှေ့ဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။

နည်းပြအာတီတာရဲ့အသင်းက ထရော့ဆက်ဒ်ကို ဘက်ဆစ်တက်ဆီ ရောင်းချခဲ့ပြီးနောက် ဘယ်တောင်ပံကစားသမားတစ်ဦးကို အသည်းအသန်ရှာဖွေနေပါတယ်။

နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ အာဆင်နယ်လည်း အသက် ၁၉ နှစ်အရွယ် လိုက်ပ်ဇစ်ပါရမီရှင်လေးဒီအိုမန်ဒီကို ခေါ်ယူဖို့ ကြိုးစားလာပြီလို့ သိရပါတယ်။

ရိုမာနိုက သူ့ရဲ့ YouTube ချန်နယ်မှာ "ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အာဆင်နယ်က ဒီအပြောင်းအရွှေ့ပြိုင်ပွဲမှာ ပါဝင်ဖို့ အခွင့်အရေးရှိ၊မရှိ သိရှိနိုင်ရန်အတွက် ဒီအိုမန်ဒီရဲ့အေးဂျင့်တွေဆီ ဆက်သွယ်စုံစမ်းခဲ့ပါတယ်" လို့ ပြောပါတယ်။

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ်အသင်းလိုက်ပ်ဇစ်ကတော့ ဒီအိုမန်ဒီအတွက် ယူရိုသန်း ၁၂၀ (ပေါင် ၁၀၂ သန်း)ဝန်းကျင်အထိ အလိုရှိနေပါတယ်။ ဒီအိုမန်ဒီကို လီဗာပူးနဲ့ ပီအက်စ်ဂျီကလည်း အထူးစိတ်ဝင်စားနေကြပါတယ်။