The network connection is lost.

Banner Image

ဒီနွေရာသီမှာ အသင်းကနေ အပြီးတိုင်ထွက်ခွာဖို့ စိတ်ဝင်စားနေကြောင်း ယူနိုက်တက်ဂိုးသမား ဗီတက်ခ် အတည်ပြု

ယူနိုက်တက်ဂိုးသမား ဗီတက်ခ်ဟာ ဒီနွေရာသီမှာ အသင်းကနေ အပြီးတိုင်ထွက်ခွာဖို့ ကြိုးစားနေတယ်ဆိုတာကို အတည်ပြုပြောကြားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ ယူနိုက်တက်ရဲ့ လူငယ်အသင်းကနေ တက်လာသူဖြစ်ပေမဲ့ အသင်းကြီးအတွက် တရားဝင်ပြိုင်ပွဲတစ်ပွဲမှ ကစားပေးခွင့် မရသေးသူလည်း ဖြစ်ပါတယ်။

ဗီတက်ခ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ကလပ် ဘရစ္စတိုစီးတီးအသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး လိဂ်ပွဲ ၄၁ ပွဲမှာ ၁၂ ပွဲအထိ ဂိုးမပေးရအောင် (Clean Sheets) စွမ်းဆောင်နိုင်ခဲ့ကာ ပေးဂိုး ၅၄ ဂိုး ရှိခဲ့တာကြောင့် အားလုံးကို အထင်ကြီးစေခဲ့ပါတယ်။

လက်ရှိမှာတော့ မိုက်ကယ်ကာရစ်ရဲ့ ရာသီကြိုခြေစမ်းပွဲ လူစာရင်းမှာ ပါဝင်နေတဲ့ ဗီတက်ခ်ဟာ ရက်ဇ်ဟမ်းအသင်းကို ၁ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အသင်းကနေ ထွက်ခွာချင်တဲ့ သူ့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့တာပါ။

 "ကျွန်တော် အဆင်ပြေပါတယ်။ တစ်နေရာရာမှာ နံပါတ်တစ်ဂိုးသမားအဖြစ် ကစားနိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ၊ ဘာဆက်ဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့" လို့ အဆိုပါ ဂိုးသမားက ပြောပါတယ်။ "လောလောဆယ်တော့ ကျွန်တော် ဒီမှာပဲ ရှိနေပါသေးတယ်၊ ဒါပေမဲ့ ဘာဖြစ်လာမလဲဆိုတာတော့ မသိနိုင်ပါဘူး။ ကျွန်တော့်ကို စိတ်ဝင်စားတဲ့အသင်းတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခြေအနေတွေ ပိုပြီး သေချာလာတဲ့အခါ အားလုံး သိကြမှာပါ" လို့ သူက ထပ်လောင်းပြောဆိုပါတယ်။ အငှားနဲ့ ထပ်သွားမလား ဒါမှမဟုတ် အပြီးတိုင် ပြောင်းရွှေ့ချင်တာလားလို့ မေးမြန်းရာမှာတော့ "အမှန်အတိုင်း ပြောရရင် နှစ်မျိုးစလုံးအတွက် အဆင်သင့်ပါပဲ။ ဒါဟာ အသင်းရဲ့ အလိုရှိမှုနဲ့ ရွေးချယ်စရာ အခြေအနေတွေအပေါ်မှာပဲ မူတည်ပါတယ်။ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့" လို့ ဗီတက်ခ်က ဆိုပါတယ်။