The network connection is lost.

Banner Image

အသင်းဖော်ဟောင်းကို ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးလို့ ချီးကျူးလိုက်တဲ့ ဆွန်ဟောင်မင်

တော့တင်ဟမ်တိုက်စစ်မှူး ဆွန်ဟောင်မင်က အသင်းဖော်ဟောင်း ဟယ်ရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ဦးဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ကိန်းဟာ တော့တင်ဟမ် နဲ့ အင်္ဂလန်အသင်းရဲ့သမိုင်းတစ်လျှောက်ထိပ်တန်းဂိုးသွင်းတစ်ဦးအဖြစ် ရပ်တည်နေပါတယ်။ လန်ဒန်ကနေထွက်ခွာပြီးနောက် ဘိုင်ယန်မှာ စိန်ခေါ်မှုအသစ်တွေရင်ဆိုင်နေပေမယ့် တစ်ဦးချင်းစွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ၂ ဦးသားအတွဲအဖက်ညီခဲ့တာဖြစ်ပြီး ဂျာမန်မြေမှာလည်း စွမ်းဆောင်ရည်ကောင်းတွေကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ တောင်ကိုရီးယားသားက “ကျွန်တော့်အတွက် ကိန်းက အကောင်းဆုံးတိုက်စစ်မှူးပါ။ ဘာလို့လဲဆိုတော့ သူက သွင်းဂိုးတွေတင်မဟုတ်ပဲ အခြားသူတွေအတွက်ပါ အများကြီးယူဆောင်လာပေးနိုင်ပါတယ်။ သူပါဝင်လာပြီဆိုရင် တောင်ပံကစားသမားတွေကို ပိုကောင်းလာစေပါတယ်။ကျွန်တော်တို့ စကားပြောဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကျွန်တော် သူ့ကိုလွမ်းပါတယ်။သူကတကယ့်ထိပ်တန်းကစားသမားပါ။ တောင်ပံကစားသမားတွေကို သူကပိုကောင်းစေပါတယ်။ တစ်နေ့မှာ ပရဟိတပွဲတစ်ပွဲမှာ ကျွန်တော်တို့ နောက်တစ်ကြိမ်အတူတူတွဲကစားနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ဆွန်က ဖြေကြားခဲ့ပါတယ်။

ကိန်းတစ်ယောက် အင်္ဂလန်မြေကိုပြန်လာမယ်လို့ သတင်းတွေထွက်နေပြီး တော့တင်ဟမ်က ခေါ်ယူနိုင်ချေရှိနေပါတယ်။ ဒါပေမယ့် ဒီရာသီဘိုင်ယန်နဲ့ဆုဖလားအောင်မြင်မှုတွေရခဲ့ရင် အင်္ဂလန်သားအနေနဲ့ ဂျာမန်မြေမှာ တစ်ရာသီလောက်ထပ်နေဖွယ်ရှိနေပါတယ်။