
အနာဂတ်အတွက် ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ချရန် ဆက်စ်ကိုကို တိုက်တွန်းလိုက်တဲ့ ကစားသမားရဲ့နည်းပြ
အာဆင်နယ်ဟာ ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေပြီး နောက်ထပ် ဖလားမဲ့ရာသီတစ်ခုအပြီးတွင် အာရ်ဘီ လိုက်ပ်ဇစ် တိုက်စစ်မှူး ဆက်စ်ကို ကို တိုက်စစ်နေရာအတွက် ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းချက်အဖြစ် သတ်မှတ်ထားပြီး စပို့တင်း မှ ဗစ်တာ ရောကရက်စ် နှင့်အတူ စိတ်ဝင်စားနေပါတယ်။
လိုက်ပ်ဇစ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့်မရရှိခြင်းကြောင့် ဖြစ်ပေါ်လာမည့် ငွေကြေးဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေတာကြောင့် ကြယ်ပွင့်တိုက်စစ်မှူးအတွက် ကမ်းလှမ်းမှုများကို နားစွင့်နေ ရှိနေပြီး ဘွန်ဒက်စ်လီဂါ ကလပ်ဟာ ပြီးခဲ့တဲ့လကတည်းက အာဆင်နယ် နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ရက်စ်မတ် ဟွိုက်လန်း နှင့် ဂျိုရှူအာ ဇက်ခ်ဇီး နှစ်ဦးစလုံး စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့တဲ့ ရာသီအပြီးတွင် ယူနိုက်တက်ဟာ ဆက်စ်ကို ကို ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
တနင်္လာနေ့ သတင်းများအရ အာဆင်နယ် နှင့် လိုက်ပ်ဇစ် တို့ဟာ ပြောင်းရွှေ့ကြေး ဆွေးနွေးမှုများတွင် အခက်အခဲနှင့် ကြုံတွေ့နေရပြီး မြောက်လန်ဒန်အသင်းအား ပေါင် ၇၀ သန်း ပေးရန် သို့မဟုတ် အသက် ၂၂ နှစ်အရွယ် ဆလိုဗေးနီးယား လက်ရွေးစင်အတွက် သဘောတူညီမှုမှ နုတ်ထွက်ရန် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဆော်ဒီ ကလပ် အယ်လ်ဟီလာလ်ဟာ ဆက်စ်ကိုအတွက် ပြိုင်ဆိုင်မှုတွင် ပါဝင်လာခြင်းက အာဆင်နယ် အတွက် အခြေအနေများကို ပိုမို ရှုပ်ထွေးစေခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်က ဥရောပဘောလုံးလောကတွင် ဆက်ရှိနေကြောင်းသိရပါတယ်။
အယ်လ်ဟီလာလ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဆီမွန် အင်ဇာဂီ ကို မန်နေဂျာသစ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် နာမည်ကြီး ကစားသမားတစ်ဦးကို ခေါ်ယူရန် ရည်ရွယ်ထားပါတယ်။ ထို့အပြင် ယခုနွေရာသီတွင် ဗစ်တာ အိုဆီမန် နှင့် ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် တို့အတွက်လည်း ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပါတယ်။
ဆလိုဗေးနီးယား အသင်းက ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် မီဒီယာများနှင့် တွေ့ဆုံရာတွင် ခက်ခ် က ဆက်စ်ကို ကို ၎င်း၏ ကစားသမားဘဝရဲ့ လက်ရှိအဆင့်တွင် ဆော်ဒီအာရေးဗျသို့ ပြောင်းရွှေ့ရန် အဆိုပြုထားသည့် ကိစ္စအပေါ် သတိပေး ပြောကြားခဲ့ပါတယ်။ "ဆက်စ်ကို နဲ့ ဆော်ဒီအာရေးဗျလား။ အနည်းဆုံး သူ့အသက်အရွယ်မှာတော့ အဲဒီကို လုံးဝ မသွားဖို့ ကျွန်တော် အကြံပေးချင်ပါတယ်" လို့ ဆလိုဗေးနီးယား နည်းပြက သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
ခက်ခ်က အယ်လ်အစ်တီဟက် ကို ခေတ္တမျှ ကိုင်တွယ်ခဲ့စဉ် ပျော်ရွှင်ခဲ့သော်လည်း ဆက်စ်ကို ဟာ ဥရောပရဲ့ ထိပ်တန်းကလပ်များကိုသာ စိတ်ဝင်စားသင့်တယ်လို့ သူ ယုံကြည်နေပါတယ်။ ဆက်စ်ကို အပေါ် အာဆင်နယ်၊ ယူနိုက်တက်၊ ချဲလ်ဆီး၊ အေစီမီလန် နှင့် ဂျူဗင်တပ်စ် ကဲ့သို့ ကလပ်များရဲ့ စိတ်ဝင်စားမှုအပေါ် ခက်ခ်က "ဒါက ကြီးမားတဲ့ အသိအမှတ်ပြုမှုပါ၊ ဒါတွေက အဓိပ္ပါယ်များစွာရှိတဲ့ ကလပ်တွေပါ"
"ဆော်ဒီ ပရိုလိဂ်ကို ကျွန်တော် အထင်မသေးပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ အယ်လ်အစ်တီဟက် မှာ ကျွန်တော် အလုပ်လုပ်ခဲ့ပြီး အဲဒီကလပ်က ကျွန်တော့်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေတုန်းပါပဲ" "လိဂ်ကိုလည်း ပုံမှန်ကြည့်ပါတယ်။ ဒါပေမယ့် ဆက်စ်ကို အတွက် အဲဒီအချိန် ရောက်လာပါလိမ့်မယ်"
"ဆက်စ်ကို ကိုယ်တိုင်နဲ့ သူ့ကို စောင့်ရှောက်တဲ့သူတွေက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်လောက်အောင် စမတ်ကျမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" "ဆိုလိုတာက သူ ဘောလုံးကစားနိုင်မယ့် နေရာကို သွားရမယ်၊ အဲဒါမှပဲ သူ ပျော်ရွှင်နိုင်မှာပါ" လို့ ပြောပါတယ်။
ဆက်စ်ကို ဟာ ယခုလအတွင်း လူဇင်ဘတ် နှင့် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား တို့နှင့် ခြေစမ်းပွဲများအတွက် ဆလိုဗေးနီးယားရဲ့ အသင်းလူစာရင်းတွင် ပါဝင်ခဲ့ပါတယ်။ သို့သော်လည်း ရက်ဘူးလ် ဆဲလ်ဘတ် ကစားသမားဟောင်းက ပြောင်းရွှေ့ကြေး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ထိခိုက်ဒဏ်ရာရနိုင်ခြေကို ရှောင်ရှားရန် ပါဝင်ကစားခြင်း မရှိခဲ့ပါဘူး။ ဆက်စ်ကိုဟာ လိုက်ပ်ဇစ် အတွက် ၈၇ ပွဲတွင် ၃၉ ဂိုး သွင်းယူထားပြီး ရက်ဘူးလ်အရီနာ တွင် ၂၀၂၉ ခုနှစ် ဇွန်လအထိ စာချုပ် ချုပ်ဆိုထားပါတယ်။