The network connection is lost.

Banner Image

မူစီယာလာရဲ့ ကွင်းတွင်းရုတ်တရက်မူးလဲကျသွားမှုနဲ့ ပတ်သက်လို့ ရှင်းပြလာတဲ့ မက်စ်အီဘရယ်လ်

စနေနေ့၊ Telekom Cup ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်က လိုက်ပ်ဇစ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပေမဲ့ ပွဲချိန် ၈၃ မိနစ်မှာ မူစီယာလာရဲ့ကွင်းတွင်းရုတ်တရက်မူးလဲသွားမှုနဲ့ ပတ်သက်လို့  အားလုံး စိုးရိမ်ခဲ့ကြပါတယ်။ အခုတော့ အသင်းတာဝန်ရှိသူမက်စ်အီဘရယ်လ်က မူစီယာလာရဲ့အခြေအနေနဲ့ပတ်သက်လို့ စိတ်အေးစေမယ့် သတင်းစကားကို ပြောပြလာပါတယ်။

မူစီယာလာ မူးလဲကျသွားချိန် ကစားသမားတွေကိုယ်တိုင် အကူအညီတောင်းခံခဲ့ပြီး အရေးပေါ်ကုသရေးဆရာဝန်လည်း ကွင်းတွင်းဆီ ချက်ချင်းပြေးဝင်လာခဲ့ပါတယ်။ မူစီယာလာ ကုသမှုခံယူချိန်မှာလည်း ဘောလုံးကွင်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပါတယ်။ ခေတ္တအကြာမှာတော့ အခြေအနေကောင်းပါတယ်ဆိုတဲ့ ဆရာဝန်ရဲ့အချက်ပြမှုကို မြင်တွေ့ခဲ့ရပြီး မူစီယာလာကိုယ်တိုင်လည်း မူးဝေနေတဲ့ပုံစံနဲ့ ကွင်းတွင်းမှထွက်ခွာသွားပါတယ်။

ပွဲစဉ်အပြီးမှာတော့ ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာမက်စ်အီဘရယ်လ်က မူစီယာလာအတွက် စိုးရိမ်စရာမရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ မြူးနစ်မြို့ရဲ့အလွန်ပူပြင်းတဲ့ ရာသီဥတုဒဏ်ကြောင့် မူစီယာလာ မူးလဲကျသွားတယ်လို့ ယူဆရပါတယ်။ "သူ အဆင်ပြေနေပါပြီ၊ ဒါ အရေးအကြီးဆုံးပါပဲ" လို့ အီဘရယ်လ်က Bild သတင်းစာဆီ ပြောပြခဲ့ပါတယ်။

Sport1 ရဲ့ဖော်ပြချက်အရ မူစီယာလာက အပူဒဏ်ကြောင့် မူးဝေတာနဲ့ သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာတချို့ ခံစားခဲ့ရပေမဲ့ ဘိုင်ယန်မြူးနစ်ဆေးအဖွဲ့ရဲ့ အစောပိုင်းစစ်ဆေးချက်တွေအရ စိုးရိမ်စရာကိစ္စမျိုး မတွေ့ရဘူးလို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားကတော့ ရက်အနည်းငယ်လောက် အနားယူလိုက်မယ်ဆိုရင် အားအင်ပြန်လည်ပြည့်၀လာနိုင်ပါတယ်။