The network connection is lost.

Banner Image

ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်တဲ့ ယူနိုက်တက်တိုက်စစ်မှူးဇစ်ဇီး

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဇစ်ဇီးက ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် သဘောတူလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးက ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း မန်ချက်စတာယူနိုက်တက်ဆီ ရောက်ရှိလာခဲ့ပြီးနောက် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ သူက အသင်းအတွက် ၇၁ ပွဲအထိ ပါဝင်ကစားခဲ့ပေမဲ့ သူ့ရဲ့အကောင်းဆုံးခြေစွမ်း မထွက်ပေါ်လာဘဲ ကိုးဂိုးသွင်း၊ ဂိုးဖန်တီးမှုလေးကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်းဇစ်ဇီးက စီးရီးအေဆီ ပြန်သွားလိမ့်မယ်လို့ ပြီးခဲ့တဲ့လအတွင်း သတင်းတွေထွက်ပေါ်နေခဲ့ပြီး အခုတော့ ဂျူဗင်တပ်စ်ဆီပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။ အီတာလျံသတင်းစာ Corriere dello Sport ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်နည်းပြစပယ်လက်တီကလည်း ရာသီသစ်မစခင် ဇစ်ဇီးကို အသင်းလူစာရင်းမှာ ထည့်သွင်းဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အခုလိုသတင်းတွေထွက်နေပေမဲ့လည်း ဂျူဗင်တပ်စ်အသင်းက ပြင်သစ်တိုက်စစ်မှူးမူအာနီကို ပေါင် ၄၂ သန်းဝန်းကျင်ဖြင့် အပြီးသတ်ခေါ်ယူဖို့ နီးစပ်နေလို့ ဇစ်ဇီးရဲ့အပြောင်းအရွှေ့အတွက် အနည်းငယ် ရှုပ်ထွေးသွားနိုင်ပါတယ်။

ဇက်ဇီးရဲ့ယူနိုက်တက်နဲ့စာချုပ်သက်တမ်းက ၂၀၂၉ ခုနှစ်၊ ဇွန်လအထိ ကျန်ရှိနေသေးလို့ တိုက်စစ်ပိုင်းအင်အားဖြည့်တင်းချင်နေတဲ့ အီတာလျံကလပ်အသင်းနဲ့ ညှိနှိုင်းရာမှာ သရဲနီတွေ အသာစီးရရှိနိုင်ပါတယ်။

ဒီတိုက်စစ်မှူးက ဘိုလော့ဂ်နာကစားသမားဘ၀၊ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ စီးရီးအေ ၁၁ ဂိုးအထိ သွင်းယူပြီး အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးခဲ့ပါတယ်။ သူက အီတလီလိဂ်အကြောင်း၊ ဘာသာစကားနဲ့ ဘယ်လိုကစားရမလဲဆိုတာကို ကောင်းကောင်းနားလည်ထားလို့ အီတလီမှာပဲ သူရဲ့အနာဂတ်ဆက်ရှိနေဖို့ သေချာသလောက် ဖြစ်နေပါတယ်။